ပျူတွေ လက်နက်ကြီးပစ်နေတဲ့ကြားက ရဲဘော်တွေ ကင်းပုန်းဝပ်ပြီး အာဇာနည်နေ့ကို ကျင်းပခဲ့

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းမှာ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ မုံရွာမြို့နယ်ထဲက ပျူစောထီးရွာတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့  ရဲဘော်တွေ ကင်းပုန်းဝပ် လုံခြုံရေးယူပေးကာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ရတယ်လို့ Special Guerilla Force (SGF) မုံရွာအဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ အခမ်းအနားမှာ ရဲဘော်တွေ ၂၀ ဦးကျော်သာ တက်ရောက်နိုင်ခဲ့ပြီး ရဲဘော်အများစုက လုံခြုံရေးအတွက် ကင်းပုန်းဝပ်ပေးရတယ်လို့  Special Guerilla Force (SGF) မုံရွာ ဗိုလ်မိုးZ က ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ အာဇာနည်နေ့ကို မုံရွာနယ်ထဲက ပြည်သူပေါင်း ရာနဲ့ချီတက်ရောက်နိုင်ခဲ့ပြီး ကျဆုံးခဲ့တဲ့ မြန်မာ့အာဇာနည်ခေါင်းဆောင်တွေကို မမေ့ဖို့နဲ့ နောင်လာနောက်သား မျိုးဆက်သစ်တွေကို အာဇာနည်စိတ်ဓာတ်တွေ မွေးမြူနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပပေးခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #အာဇာနည်နေ့ #ကျင်းပ #SGF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10