ပျူရွာကိုစည်းရုံးပြီး စစ်သင်တန်းပေးနိုင်ခဲ့လို့ တိုက်ပွဲထဲ ပူးပေါင်းပါဝင်လာ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ပျူရွာလို့ သတ်မှတ်ထားတဲ့ ရွာက ပြည်သူတွေကို People's Defence Force မိုက်ခဲ (M.Y.G) အဖွဲ့ က စည်းရုံးပြီး စစ်သင်တန်းတွေ ပို့ချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပျူရွာကို စည်းရုံးရေးဆင်းပြီး မကြာခင်မှာပဲ အဲ့ဒီရွာက ပြည်သူ ၁၅ ဦး ပူးပေါင်းလာသလို သူတို့ကို လိုအပ်တဲ့ အခြေခံစစ်သင်တန်းတွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေအထိ သင်ကြားပေးခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

"ကျနော်တို့ ပထမဦးဆုံး စည်းရုံးတဲ့အခါမှာ ၂ ယောက်ပဲရတာ၊ ၂ ယောက်ကနေမှ စည်းရုံးရင်းစည်းရုံးရင်းနဲ့ ၆ ယောက်ပူးပေါင်းလာတာ၊ ၆ ယောက်ကနေမှ ၁၅ ယောက်အထိရလာတယ်၊ ၁၅ ယောက်လောက်ရလာတာမှာ အဲဒီရွာအနားမှာ သင်တန်းဖွင့်လှစ်ပေးခဲ့တယ်"လို့ ဆိုပါတယ်။

အခုနောက်ပိုင်း မြိုင်က စစ်ကောင်စီစခန်းတွေကို လက်နက်ကြီးနဲ့သွားပစ်တဲ့အခါမှာ သူတို့ကပဲ လမ်းပြလိုက်ပို့ပေးတာတွေ လုပ်ပြီး အဖွဲ့ကလည်း သူတို့လုံခြုံရေးအတွက် သူတို့ရွာမှာ တပ်စိပ်တစိပ်ခွဲပြီးတော့ ချထားတယ်လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။

စည်းရုံးရေးဆင်းတဲ့ ပျူရွာဟာ မြိုင်မြို့နဲ့ အနီးကပ်ဆုံးမှာ ရှိပြီး မြိုင်အနောက်ဘက်တကြောက ရွာတွေတော်တော်များများကလည်း စစ်ကောင်စီ လက်အောက်ခံ ပျူရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10