ပျူသင်တန်းပေးနေတဲ့နေရာ လက်နက်ကြီးနဲ့ပစ်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရွှေလှံဗိုလ် ဘောလုံးကွင်းထဲမှာ ပျူစောထီးသင်တန်းပေးနေတဲ့နေရာကို မတ်လ ၁၃ ရက် မနက် ၉ နာရီလောက်မှာ လျှပ်စီးပြောက်ကျားအဖွဲ့ (ဝက်လက်)အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

ရွှေလှံဗိုလ် ဘောလုံးကွင်းထဲမှာ ပျူသင်တန်းပေးနေတာကို လက်လုပ်စိန်‌ပြောင်း၊ တာဝေးပစ်စိန်ပြောင်းတွေနဲ့ ၁၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပျူသင်တန်းပေးနေတာ ရပ်လိုက်ရပြီး ကြံ့ခိုင်ရေးရုံးနဲ့ မီးသတ်ရုံး ထိခိုက်ပျက်စီးမှုရှိတယ်လို့ မြေပြင်ကင်းထောက်ရဲဘော်တွေဆီကတဆင့် ပြန်သိရတယ်လို့ ဆိုပါတယ်။

လျှပ်စီးပြောက်ကျားအဖွဲ့က ထုတ်ထားတဲ့ လက်နက်ကြီးအမျိုးအစားတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီလက်နက်တွေကို ဖုန်း GPS နဲ့ထောက်ကာ အကွားအဝေးချိန်ပြီး စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်တာလည်းဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကို လျှပ်စီးပြောက်ကျားအဖွဲ့-ဝက်လက်နဲ့ People Servant Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကလည်း စဉ့်ကူးမြို့နယ်အတွင်း တရွာဝင်တရွာထွက် ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို ရွာသာရွာမှာ တပ်စွဲနေချိန် လျှပ်စီးပြောက်ကျားအဖွဲ့-ဝက်လက် အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10