သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
(မြေလတ်အသံသတင်းဌာနမှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။)
စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ချုပ်ဥက္ကဋ္ဌ မအေးနန္ဒာစိုးသည် မန္တလေး နန်းတွင်းစစ်ကြောရေးမှ ပျောက်ဆုံးသွားခဲ့သည်မှာ ယခုဆိုလျှင် ၃ နှစ်နီးပါးရှိပြီ ဖြစ်သည်။ ၂၀၂၁ စက်တင်ဘာ ၁၉ ရက်တွင် အဖမ်းခံရပြီး မန္တလေးစစ်ကြောရေးတွင် ၃ လကြာနေရပြီးနောက် ယင်းသို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မအေးနန္ဒာစိုးသည် ၂၀၁၉-၂၀၂၀ တွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်များက သူ့ကို စိုးကြီးဟု ချစ်စနိုးခေါ်ကြသည်။ မန္တလေးနန်းတွင်းစစ်ကြောရေးမှာတော့ သူ့ကို အားလုံးက ယမားဟုသာ ခေါ်ကြသည်။ ယမားဟူသော နာမည်မှာ ကဗျာရေးသည့်အခါ သူ အသုံးပြုသည့် ကလောင်ဖြစ်သည်။
သူသည် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာဖြင့် အောင်မြင်ခဲ့ပြီး တန့်ဆည်မြို့နယ်ဂုဏ်ဆောင် ထူးချွန်တဲ့ကျောင်းသူ တယောက်ဖြစ်ခဲ့သည်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ယမား #အေးနန္ဒာစိုး #ဗကသ #နန်းတွင်းစစ်ကြောရေး #ပျောက်ဆုံး
Share Share Share