ပျောက်ဆုံးနေတဲ့ ကိုရင် ၂ ပါး ရေနစ်သေဆုံးလျက် ပြန်တွေ့

ပျောက်ဆုံးနေတဲ့ ကိုရင် ၂ ပါး ရေနစ်သေဆုံးလျက် ပြန်တွေ့

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ် ၇ ရပ်ကွက်၊ ဝက်ကြီးအင်းရပ်အနီး ဧရာဝတီမြစ်ထဲမှာ ပျောက်ဆုံးနေတဲ့ ကိုရင် ၂ ပါးကို ရေနစ်သေဆုံးလျက် ပြန်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၁၁ ရက်နေ့က ပျောက်ဆုံးနေတဲ့ ကိုရင်တွေဖြစ်တဲ့ ဝက်ကြီးအင်းရပ် အလိုတော်ပြည့်ကျောင်းတိုက်က ကိုရင် အရှင်စန္ဒာမာလာ ၁၂ နှစ်၊ အရှင်အရိယဓမ္မ ၉ နှစ်တို့ရဲ့ အလောင်းတွေကို ပြန်တွေ့ခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

"ကိုရင် ၂ ပါးက ၁၀ ရက်နေ့ ညနေ ၆ နာရီလောက်ကတည်းက ပျောက်နေလို့ လိုက်ရှာနေကြတာ။ နောက်တော့ မြစ်ကမ်းဘေးမှာ သင်္ကန်းတွေ တွေ့လို့ လိုက်ရှာရာကနေ နောက်တနေ့မနက် ၁ နာရီမထိုးခင်လောက်မှာ တပါးကို အရင်တွေ့တယ်။ နေ့ခင်း ၁၀ နာရီလောက်တော့ နောက်ထပ်တပါးကို မြစ်ထဲမှာ ထပ်တွေ့ရတယ်။ "လို့ ဒေသခံက ပြောပါတယ်။

သိတတ်နားလည်တဲ့သူ မပါဘဲ အရွယ်မရောက်သေးတဲ့ ကိုရင် ၂ ပါးသာ ရေဆင်းကူးရာကနေ ရေနစ်သေဆုံးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကိုရင် ၂ ပါးအလောင်းကိုတော့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ်ထဲမှာ ယခုလို ကိုရင်တွေ ရေနစ်သေဆုံးတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

 

စာတည်း - 007

 

#မြေလတ်အသံ

#မန္တလေးတိုင်း #ညောင်ဦးမြို့နယ် #ဧရဝတီမြစ် #ရေနစ်သေဆုံးမှု #ကိုရင်လေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10