ပြင်စည်ကျေးရွာ ရာအိမ်မှူး ပစ်သတ်ခံရ

ပြင်စည်ကျေးရွာ ရာအိမ်မှူး ပစ်သတ်ခံရ

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရာအိမ်မှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၅၅ နှစ်အရွယ် ရာအိမ်မှူးဦးမောင်စိုးကို ဧပြီ ၁၉ ရက် ဒီနေ့မနက် ၁၀ နာရီခန့်က ပြင်စည်ကျေးရွာအနီး မြင်းခြံ-ရေဝန်းကားလမ်းပေါ်မှာ ပစ်သတ်သွားတာလို့ ဆိုပါတယ်။ 

"သူအိမ်အတွက် ရေတင်ပြီးပြန်လာတာ လမ်းမှာပစ်သတ်ခံရတာလို့ သိရတယ်။ သူပစ်သတ်ခံရတဲ့နေရာနဲ့ သူ့နေအိမ်ကတော့ သိပ်မဝေးဘူး"လို့ ဒေသခံတဦးကပြောပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ ဦးမောင်စိုးဟာ ရာအိမ်မှူးဖြစ်တာကြောင့် စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းရေးလုပ်ငန်းတွေမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ လိုက်ပါဆောင်ရွက်ရတာတွေရှိတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခံရလို့ ဦးမောင်စိုးမှာ ဦးခေါင်းနောက်စေ့ကျည်ထိဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး အလောင်းကိုတော့ ဒေသခံတွေကကောက်ပြီး နွားထိုးကြီးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာအနီး မြင်းခြံ-ရေဝန်း ကားလမ်းဘေးမှာ စျေးဝယ်ပြန်လာတဲ့ ရွာကြီးကျေးရွာရပ်ကျေးစာရေး အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #ပြင်စည် #ရာအိမ်မှူး #ပစ်သတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10