ပြည်က ဧရာဝတီမြစ်ထဲမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့

ပြည်က ဧရာဝတီမြစ်ထဲမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဧရာဝတီမြစ်အတွင်းမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီခန့်မှာ အရေထဲမှာ အမျိုးသားအလောင်းတလောင်း ပေါ်နေတာကို ဒေသခံတွေက စတင်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"ရပ်ကွက်က လူတွေက အရင်တွေ့တာပါ။ အလောင်းကတော့ မျက်နှာတောင်မပေါ်တော့ဘူး။ ငါးတွေစားထားလို့ မျက်နှာအသားတွေတောင်မရှိတော့ဘူး"လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူရဲ့ ခန္ဓာကိုယ်၊ ခြေ၊ လက်တွေမှာ ရိုက်နှက်ခံထားရလို့ အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေ တွေ့ရပြီး ဓားနဲ့ထိုးသွင်းဒဏ်ရာ၊ ကျည်ဖောက်ဝင်ဒဏ်ရာတွေတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

သေဆုံးနေတဲ့ အမျိုးသားအလောင်းကိုတော့ ဒေသခံတွေကကောက်ယူပြီး ပြည်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ်ရှိနိုင်ပြီး မျက်နှာအသားတွေ မရှိတော့တာကြောင့် ဘယ်သူဘယ်ဝါမသိရသေးဘဲ ဒီဇင်ဘာ ၂၁ ရက်ထိ ပိုင်ရှင်မပေါ်သေးဘူးလို့ ဆိုပါတယ်။

ဧပြီလ ၂၆ ရက် ညနေ ၅ နာရီခန့်ကလည်း ပြည်မြို့၊ ကမ်းနားလမ်းပန်းခြံအနီး ဆိပ်ခံဗောတံတားအနီးကနေ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးတဲ့ အမျိုးသား ၃ ဦး ရေနစ်သေဆုံးခဲ့ပါ‌တယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပြည် #သေဆုံးအလောင်းတွေ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10