ပြည်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုဖမ်းပြီး ၅ ရက်ကြာ မိန်းမနဲ့ ၂ နှစ်အရွယ် သားကိုထပ်ဖမ်း

ပြည်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုဖမ်းပြီး ၅ ရက်ကြာ မိန်းမနဲ့ ၂ နှစ်အရွယ် သားကိုထပ်ဖမ်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်းကိုစိုးမြတ်မင်း ကို ဖမ်းဆီးပြီးနောက် ဇနီးဖြစ်သူနှင့် ၂ နှစ်အရွယ်သားကိုပါ ယနေ့ မေလ ၈ ရက်နေ့ နေ့လည်မှာ ဖမ်းဆီးသွားတယ်လို့ သူတို့နဲ့ ရင်းနှီးသူ မိတ်ဆွေတွေထံကသိရပါတယ်။

ယနေ့နေ့လည် ၂ နာရီခန့်က ပြည်ခရိုင်၊ ရွှေတောင်မြို့ နယ်ထဲက ကျေးရွာတခုမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဘယ်ကိုခေါ်ဆောင်သွားတယ်မသိရသေးဘူးလို့ ဆိုပါတယ်။ 

"စိုးမြတ်မင်းကို ဖမ်းသွားတုန်းက ဖမ်းတယ်မဖမ်းဘူးဆိုတာက နှစ်ရက်လောက်ထိမသေချာဖြစ်နေတာ။ ဒီနေ့တော့ သူမိန်းမနဲ့ ကလေးကို မိဘတွေရွာမှာ လာဖမ်းသွားတယ်ဆိုတာ သိရတယ်။ စိုးမြတ်မင်းကိုလည်း ဘယ်မှာထားတယ်ဆိုတာ မသိရသေးဘူး" လို့ သူတို့မိတ်ဆွေတဦးကပြောပါတယ်။

ကိုစိုးမြတ်မင်းကို ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ပြည်မြို့ စားသောက်ဆိုင်တဆိုင်မှာ ထိုင်နေစဉ် ဝင်ဖမ်းသွားတယ်လို့ သတင်းများထွက်ပေါ်ခဲ့သော်လည်း ထိုစဉ်က ဖမ်းဆီးခံရသူမှာ ကိုစိုးမြတ်မင်း ဟုတ်မဟုတ် ကို အတည်ပြုနိုင်ခြင်းမရှိဘူးလို့လည်း ပြောဆိုကြပါတယ်။

ကိုစိုးမြတ်မင်းမှာ ယခင် ပြည်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဌ တာဝန်ကိုထမ်းဆောင်ခဲ့ဖူးပြီး နွေဦးတော်လှန်ရေးတွင် ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခံထားရသူလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10