ပြည်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါနဲ့ အဘွားအို ၁ ဦးသေဆုံး

ပြည်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါနဲ့ အဘွားအို ၁ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ ကိုဗစ်ရောဂါနဲ့ အဘွားအို ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်အောင်မြို့နယ်ကနေ ပြည်ကုတင် ၅၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၆၇ နှစ်အရွယ် အဘွားအိုဟာ မေလ ၁ ရက်နေ့ညမှာပဲ ကိုဗစ်ရောဂါနဲ့​သေဆုံးသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။


"ဆုံးသွားတဲ့သူက ပြည်ကတော့ မဟုတ်ပါဘူး။ ကိုဗစ်ဆိုတာကို ဆေးရုံက ဆရာဝန်တွေက အတည်ပြုပေးထားတာပါ။ သူက ဆေးရုံလာတက်တာ တပတ်လောက်ရှိနေပြီလို့တော့ သိရတယ်။ ဘာရောဂါနဲ့လာတက်တာလဲ ဆိုတာတော့ မသိရဘူး။ ဆေးရုံက စစ်ဆေးချိန်မှာ တွေ့တဲ့ ကိုဗစ်ပိုးက အရင်ကဖြစ်နေတဲ့ ပိုးအမျိုးအစားတွေတော့ မဟုတ်ဘူး။ မျိုးကွဲအသစ်ပုံစံဖြစ်နိုင်တယ်လို့တော့ သုံးသပ်ထားကြတယ်" လို့ ပြောပါတယ်။

အဘွားအိုမှာ ဆေးရုံလာတက်ချိန် ကိုဗစ်သံသယရှိလို့ ဆေးရုံက ဆေးစစ်ချိန်မှာ ကိုဗစ်ရောဂါပိုးတွေ့လို့ သီးခြားထားရှိကာ ဆေးကုသမှုပေးနေရာကနေ ​သေဆုံးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၂ ရက်နေ့မနက်ပိုင်းမှာတော့ ဒေသလူမှုကူညီရေးအသင်းအဖွဲ့က သေဆုံးသွားတဲ့ အဘွားအိုရဲ့ နာရေးကိစ္စကို မိသားစုတွေ ဆန္ဒအတိုင်း ပြီးစီးအောင် လုပ်ဆောင်ပေးခဲ့တယ် လို့ သိရပါတယ်။

အဘွားအို နာရေးကိုလာတဲ့ မိသားစုဝင် ၃ ဦးကိုလည်း ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးပေးခဲ့ပြီးနောက် ရောဂါပိုးမတွေ့လို့ သက်ဆိုင်ရာနယ်ကို ပြန်ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်နေချိန်တုန်းက ပြည်မြို့နယ်အတွင်းမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၂၀၀ နဲ့အထက်ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဓါတ်ပုံ - ခေတ္တရာလူငယ်များ သာရေးနာရေး ကူညီပံ့ပိုးမှုအသင်းသားများက သေဆုံးလူနာကို ပို့ဆောင်ပေးခဲ့စဉ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10