ပြည်ထောင်စုနေ့ကျင်းပဖို့ ပြင်ဆင်နေတဲ့ စဉ့်ကိုင်ထွေအုပ်ရုံး မိုင်းခွဲခံရလို့ ညစာစားပွဲကိုဖျက်သိမ်းလိုက်ရဟုဆို

ပြည်ထောင်စုနေ့ကျင်းပဖို့ ပြင်ဆင်နေတဲ့ စဉ့်ကိုင်ထွေအုပ်ရုံး မိုင်းခွဲခံရလို့ ညစာစားပွဲကိုဖျက်သိမ်းလိုက်ရဟုဆို

ပြည်ထောင်စုနေ့အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေတဲ့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၁၁ ရက် မနေ့ကည ၈ နာရီက မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ Local people's defence force LPDF ( Sintgaing ) ဆီက သိရပါတယ်။

အဲ့ဒီရုံးအတွင်းမှာ စစ်ကောင်စီတပ်သား ၁၁ ဦးကျော်ကလည်း ကင်းစောင့်နေတာဖြစ်ပြီး အဝေးထိန်းမိုင်း ၁ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီစစ်သားတွေအနေနဲ့ ထိခိုက်မှုရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ LPDF − Sintgaing တာဝန်ခံက ပြောပါတယ်။

“ သူတို့တွေက ပွဲလုပ်ဖို့စီစဉ်နေတာ၊ မနက်ပိုင်းဆို ကျေင်းသား၊ ကျောင်းသူတွေပါ ပါမယ်ကြားတယ်၊ အဲ့ဒါကြောင့် မနက်ပိုင်းမှာမတိုက်ပဲ ညပိုင်းမှတိုက်လိုက်တာ၊ ပေါက်ကွဲမှုဖြစ်ပြီးတော့ လူနာတင်ကားတစီးတော့ အဲ့ဒီဝန်းထဲကို မောင်းသွားတယ်လို့သိရတယ်၊ “ လို့ သူကပြောပါတယ်။

ခုလိုတိုက်ခိုက်ခံရပေမယ့် ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မနက်မှာတော့ အဲ့ဒီရုံးအတွင်း ပြည်ထောင်စုနေ့အခမ်းအနားကို လူအင်အားအနည်းစုနဲ့ပြုလုပ်ခဲ့ပြီး ဒီနေ့ညပြုလုပ်မဲ့ ညစာစားပွဲအစီအစဥ်ကိုတာ့ ဖျက်သိမ်းလိုက်တယ်လို့ LPDF − Sintgaing တာဝန်ခံက ဆက် ပြောပါတယ်။

“ နေ့လည်ဘူဖေးကျွေးပြီး၊ ညကိုအရက်သောက်ကြဖို့ မန္တလေးကမှာထားတဲ့ ဟာတွေကို မလုပ်ရဲတော့လို့ အဆုံးခံလိုက်တယ်၊ ပွဲပျက်ပြီးမလုပ်ဖြစ်တော့ဘူးလို့ သိရတယ်၊ မနက်ကတော့ လူအနည်းငယ်နဲ့လုပ်သွားတယ်၊ “ လို့ သူကပြောပါတယ်။

LPDF – Sintgaing ဟာ စဉ့်ကိုင်မြို့နယ်က စစ်ကောင်စီနဲ့စစ်ကောင်စီထောက်တိုင်မှန်သမျှကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တခုဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် နေ့လည် ၁ နာရီကလည်း စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာက စစ်ကောင်စီထောက်ခံသူ လင်မယားနှစ်ယောက်ကို သေနတ်နဲ့ပစ်ပြီးရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10