ပြည်ထဲရေးဝန်ကြီး အဖြစ် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်ကိုခန့်အပ်၊ ကာကွယ်ရေးဝန်ကြီးနေရာကိုလည်း ပြောင်းလဲ

ပြည်ထဲရေးဝန်ကြီး အဖြစ် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်ကိုခန့်အပ်၊ ကာကွယ်ရေးဝန်ကြီးနေရာကိုလည်း ပြောင်းလဲ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ကာကွယ်ရေးနဲ့ ပြည်ထဲ ရေးအပါအဝင် ဝန်ကြီးဌာန နေရာ ၄ ခုထက်မနည်းကို အပြောင်းအလဲလုပ်ခဲ့ပြီး အစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းတယ်လို့ သြဂုတ်လ ၃ ရက် ဒီကနေ့ညမှာထုတ်ပြန်ပါတယ်။

ပြည်ထဲရေး၀န်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးနေရာကို ရွှေပြောင်းလိုက်ပြီး ယခင်ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး  ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်တယ်လို့ ဖော်ပြပါတယ်။

ကာကွယ်ရေး၀န်ကြီးနေရာကိုလည်း အပြောင်းအလဲလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး  မြထွန်းဦးကို ပို့ဆက်ဝန်ကြီးအဖြစ်ခန့်ပြီး ပို့ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကို ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ကာ ဗိုလ်ချုပ်ကြီး ၂ ဦးကို နေရာချင်းဒဲ့ချိန်းခဲ့ပါတယ်။

ဒါ့အပြင် ယခင်လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်ကို ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးအဖြစ်ခန့်အပ်တယ်လို့ စစ်ကောင်စီကဖော်ပြပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #ဝန်ကြီးဌာန #ပြောင်းလဲမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10