သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်မြို့နဲ့ မကွေးတိုင်း သရက်မြို့နယ်က ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၁ ဦးထိ စစ်ကောင်စီဖမ်းဆီးထားပြီး နေအိမ်တွေချိတ်ပိတ်ထားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်မှာ ပြည်မြို့၊ နဝင်းရပ်ကွက်နေ အသက် ၃၀ ကျော်အရွယ် ကိုဖိုးဝလေးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက်မှာ သရက်မြို့နယ်နဲ့ ပြည်မြို့ပေါ်ရပ်ကွက်အချို့က သူတွေပါထပ်ဖမ်းခံရတာပါ။
အောက်တိုဘာ ၂၀ ရက်ကနေ ၂၄ ရက်နေ့အတွင်းမှာ သရက်မြို့နယ်၊ ရွာမကျေးရွာနေ ကိုငကွန်တို့ လင်မယား ၂ ဦး၊ ပြည်မြို့ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ အောင်လမင်းပွဲရုံပိုင်ရှင် လင်မယား၊ နဝင်းကွက်သစ် ၁၁ လမ်းနေ ကိုဘိုကြီး၊ မသင်းသင်းတို့လင်မယားနဲ့ ပြည်စျေးကြီးထဲက ဒေါ်ခင်မျိုးဆွေတို့ ဖမ်းဆီးခံလိုက်ရတာပါ။
ဒါ့အပြင် သရက်ခရိုင်တပ်ရင်း ၄ တပ်ရင်းမှူး လင်းယုန်ရဲ့မိသားစုဝင်တွေဖြစ်တဲ့ သရက်မြို့နယ်နေသူ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်ရီ၊ ဇနီးဖြစ်သူ အသက် ၃၃ နှစ်အရွယ် မဝါဝါလွင် (ခ) မဝါဝါနဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်အောင်ဘုန်းမြတ်တို့လည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
"ဖိုးဝလေး စပြီးဖမ်းခံရတယ်။ အဲဒီနောက်မှာ ဦးဘိုကြီး၊ မသင်းဖမ်းခံရတယ်။ ပြီးတော့ ဦးရွှေသောင်းဆိုင်က ဒေါ်ခင်မျိုးဆွေဖမ်းခံရတယ်။ အဲဒီကနေ့မှ တဆက်တစပ်တည်း ရွာမရွာက ကိုငကွန်တို့ မိသားစုဖမ်းခံရတယ်။ အိမ်တွေချိတ်ပိတ်ခံရတယ်။ အောင်လမင်းပွဲရုံဆိုလည်း ပဲတွေသိမ်းခံရတာ"လို့ ဖမ်းဆီးခံမိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက သရက်ခရိုင်တပ်ရင်း ၄ တပ်ရင်းမှူးရဲ့မိသားစုဝင်တွေနဲ့ ကိုငကွန့်တို့ လင်မယားကို သရက်ရှိ တပ်မ ၄၄မှာ ဖမ်းဆီးစစ်ဆေးနေပြီး ကျန်သူတွေကိုတော့ ပြည်က စစ်ကောင်စီတပ်ရင်း တခုမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီအဖွဲ့က ကိုငကွန့် နေအိမ်နဲ့ စျေးဆိုင်၊ ကိုဘိုကြီးနေအိမ်နဲ့ စျေးဆိုင်၊ ဒေါ်ခင်မျိုးဆွေရဲ့နေအိမ်နဲ့ စျေးဆိုင်တို့ကို ချိပ်ပိတ်ခဲ့သလို အောင်လမင်းပွဲရုံက ပဲအိတ် ၁၀၀ ကျော်ကိုလည်း သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ဖမ်းဆီးခံရသူတွေနဲ့ ချိတ်ပိတ်ခံရသူတွေဟာ အကြမ်းဖက် PDFအဖွဲ့၊ AA အဖွဲ့တွေထံ ရိက္ခာထောက်ပံ့မှု၊ PDF မိသားစုဝင်တွေဖြစ်တယ်ဆိုပြီး ဖမ်းဆီးထားတာလို့ ရေးသားဖော်ပြထားကြပါတယ်။
ပုံစာ - ချိပ်ပိတ်ခံထားရတဲ့ နဝင်းကွက်သစ် ၁၁လမ်းနေ ကိုဘိုကြီး၊ မသင်းသင်း တို့နေအိမ်။
စာတည်း- ဈာန်မြင့်
#မြေလတ်အသံ
#ပဲခူး #ပြည် #မကွေး #ကလေးအဖမ်းခံရ #နေအိမ် #ချိတ်ပိတ်
Share Share Share