သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတချောင်းလမ်းမကြီးနဲ့ဝါးရုံလမ်းထိပ်ရှိ ဓာတ်ပုံဆိုင်မှာဖြစ်ပွားတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မြို့ခံလူငယ် ၂ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပြည်မြို့နေသူတွေဖြစ်တဲ့ ရဲလင်းအောင် ၁၉ နှစ်၊ ဘုန်းမြင့်သူ ၂၀ နှစ်တို့ ဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက်တရက် မေ ၂၄ ရက်မှာပဲ သူတို့ရဲ့နေအိမ်တွေမှာ ရဲတွေက ဝင်ရောက်ဖမ်းဆီးသွားတာ လို့ဆိုပါတယ်။
" သိရသလောက်ပစ္စည်းလု၊ လူသတ်တယ်ဆိုတာလောက်ပဲ သိရတယ်။ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တယ်လို့ ရဲဘက်ကယူဆပြီး ဖမ်းထားသူ ၂ ဦးတော့ရှိတယ် " လို့ ပြည်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ရွှေတချောင်းလမ်းနဲ့ ဝါးရုံလမ်းထိပ်ရှိ Grogeous ဓာတ်ပုံဆိုင်ဝန်ထမ်းဖြစ်တဲ့ ကိုသူရိန်ဟာ အဆိုပါဓာတ်ပုံဆိုင်မှာတဦးတည်းရှိနေချိန် မေ ၂၃ ရက် ညပိုင်းမှာ လူငယ်တချို့ ဆိုင်အတွင်း ဝင်ရောက်လာကာ ပစ္စည်းလုယူပြီး လူကိုပါ ကတ်ကြေးနဲ့ထိုးသတ်ခဲ့လို့ လည်ပင်း၊ ဦးခေါင်း၊ မျက်နှာနဲ့ ကျောပြင်တွေမှာ ထိုးသွင်းဒဏ်ရာ အချက်ပေါင်း ၃၀ ကျော်ရရှိကာ နေရာမှာပဲ သေဆုံးသွားခဲ့တာပါ။
“ အဲ့ဒီဖမ်းခံရတဲ့ ကောင်လေး ၂ ယောက်ထဲက ၁၉ နှစ်ကောင်လေးက အဲ့ဒီဓာတ်ပုံဆိုင်က ဝန်ထမ်းဟောင်းတဲ့။ ဆိုင်ရှင်နဲ့မတည့်လို့ အလုပ်ထွက်သွားတာလို့ သိရတယ်။ သူမရှိတော့ ဆိုင်မှာဘယ်သူမှမရှိဘူးထင်ပြီး ပစ္စည်းဝင်ယူတာကနေ လူသတ်မှုဖြစ်တာလို့ ပြောတယ်။ အခင်းဖြစ်တာက အစောကြီးပဲတဲ့ ည ၈ နာရီလောက်ဖြစ်တာ” လို့ နောက်ထပ် ပြည်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦးကို လတ်တလောမှာ ပြည်မြို့မရဲစခန်းမှာထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပြည် #Grogeousဓါတ်ပုံဆိုင် #လူသတ်မှု #မှုခင်း #သတင်း
Share Share Share