ပြည်မြို့က စက်သုံးဆီ အခြေအနေ (အင်တာဗျူး)

ပြည်မြို့က စက်သုံးဆီ အခြေအနေ (အင်တာဗျူး)

ရန်ကုန်မြို့အပါအဝင် မြို့ကြီးအတော်များများမှာ စက်သုံးဆီဝယ်ယူရခက်နေပြီး စျေးနှုန်းမြင့်တက်နေပါတယ်။ အဲ့ဒီမြို့တွေထဲမှာ ပြည်မြို့လည်းပါဝင်ပြီး ဓာတ်ဆီ ၁ လီတာကို ၁ သောင်းကျပ်အထိ ပေးဝယ်နေရတယ်လို့ မြေလတ်အသံက စုံစမ်းသိရှိရပါတယ်။

ပြည်မြို့က ဒေသခံအချို့ကို မြေလတ်အသံသတင်းဌာနက စက်သုံးဆီဝယ်ယူရ ခက်ခဲနေတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးထားပါတယ်။  

 

ပြည်မြို့က အမျိုးသမီးတဦး

အရင်ရက်က ဆီတန်းစီတာ PT Power ပထမကရတယ် ခုရက်တော့မရတော့ဘူး။ မြဝတီဆီဆိုင်ကလည်း အဲ့လိုပဲ နောက် ၃ ရက်နေမှရမယ်တဲ့။ ဆီဆိုင်တစ်ခုကို သွားစီတော့ ဆီကရတယ် မရောင်းခိုင်းလို့ မရောင်းတာတဲ့ဆိုပြီးပြောတယ်။ ဆီတွေမရတော့ ဆိုင်ကယ်ကနေ စက်ဘီးပြောင်းစီးနေရပြီ။ အရင်က စက်ဘီးမစီးတဲ့သူတွေက စက်ဘီးတွေစီးနေရပြီ။ ပတ်ဝန်းကျင်က တော်တော်များများ စက်ဘီးစီးနေရတဲ့သူတွေများနေပြီ။ အနုနည်းနဲ့ သတ်နေကြတာ တော်တော်ဆိုးလာပြီ။ တမင်ညှဉ်းဆဲနေကြတာ။

 

ပြည်မြို့နေ လူငယ်အမျိုးသားတစ်ဦး 

ဆီတန်းစီတာ တပတ်လောက်ရှိပြီ။ အရင်ကထက် ဆိုးလာတယ်။ လူတွေအများကြီးပဲ ဆီဆိုင်တွေက တစ်ခုပေးရင် ၃ ထောင်ဖိုး ၅ ထောင်ဖိုးပဲပေးတာ။ အပြင်မှာ 92 တလုံးဝယ်ရင် တလုံးမပြည့်ဘူး ၁သောင်းပေးရတယ်။ ခုဆိုရင် အပြင်သွားဖို့ကိစ္စရှိတာတောင် သွားမရဘူး။ မနက်ဖြန်အလုပ်ကိစ္စရှိတာတောင် ဘယ်လိုလုပ်ရမလဲမသိတော့ပါဘူး။

 

​Online စျေးရောင်းသူ အမျိုးသမီးတဦး

တန်ဆာခတွေလည်း စျေးတက်တယ်။ Deli ခတွေလည်း ဝယ်သူတွေကို ပိုမတောင်းချင်ဘူး။ Deliနဲ့ ပို့ရတာတွေများလာတော့ ဝယ်သူတွေအတွက်လည်း အဆင်မပြေဘူးလေ။ စျေးရောင်းချင်တာတောင် မလှုပ်ရဲလို့ငြိမ်နေရတယ်။ အကုန်စျေးတက်တယ်။ ဘာမှလုပ်ဖို့ အဆင်မပြေတော့ပါဘူး။

 

ဒေသခံ အမျိုးသမီးတဦး

တန်းစီရချက်ကတော့ ပြောမနေနဲ့တော့။ လမ်းဘေးဆိုင်လေးတေမှာ ၁ လီတာကို ၁ သောင်းလောက်ပေးရတယ်ကြားတာပဲ။ ဆီတွေက တန်းစီရ‌တာတော့အမှန်ပဲ။ အခုတောင် တာဂွကတဆိုင်မှာ လူတွေကြိတ်ကြိတ်တိုးနေတာ။ ဆီတွေက အခြေအနေတော်တော်ဆိုးနေတာ။

 

ပြည်မြို့မှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတာတွေအပြင် စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲနဲ့ ရဲဝန်ထမ်းတွေက ဆိုင်ကယ်စီးသူတွေကို ပြည်မြို့ပေါ်က လမ်းမကြီးတွေမှာတင်မကဘဲ ရပ်ကွက်လမ်းကြိုလမ်းကြားတွေအထိ အရပ်ဝတ်တွေနဲ့ပါ မောင်းလိုင်စင်နဲ့ ဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကို လိုက်ဖမ်းနေကြတယ်လို့ ဒေသခံအချို့က ပြောဆိုထားပါတယ်။ 

ဓါတ်ပုံ - လူမှုကွန်ယက်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပြည် #စက်သုံးဆီ #တန်းစီ #အင်တာဗျူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10