ပြည်မြို့က စစ်ကောင်စီကျင်းပတဲ့ တန်ဆောင်တိုင်ပွဲစျေး လည်ပတ်သူနည်းပါး

ပြည်မြို့က စစ်ကောင်စီကျင်းပတဲ့ တန်ဆောင်တိုင်ပွဲစျေး လည်ပတ်သူနည်းပါး

ပဲခူးတိုင်း ပြည်မြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ တန်ဆောင်တိုင်ဘုရားပွဲစျေး စျေးဝယ်သူနဲ့ လည်ပတ်သူတွေ နည်းပါးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

" မဝယ်ပါဘူး ဘုရားအရှေ့လေးလုပ်တာ စွယ်တော်လာဖူးတဲ့ သူပဲရှိတယ်။ အရင်လို ပွဲစျေးတန်းတွေ ဇာတ်ပွဲတွေ ရဟတ်တွေမှ မရှိဘဲ။ ဆိုင်ခန်းတောင် အရင်လို ဝါးဆိုင်ခန်းတွေ မဟုတ်။ ဘုရားပေါ်တော့ စွယ်တော်တိုက်ဖွင့်တယ် ဘုရားဖူးတွေ ပုံမှန်အချိန်ထက်များတာ" လို့ ‌ပြည်မြို့ခံ တဦးက ပြောပါတယ်။

စစ်ကောင်စီက ပွဲစျေးတန်းစည်ကားဖို့ ဆိုင်ခန်းငှားခ ပေးစရာမလိုပဲ အခမဲ့ရောင်းချခွင့်ပေးထားပေမယ့် ဆိုင်ခန်းတွေကို ကြိုယူထားပြီး တခန်း ၂သောင်းဝန်းကျင်နဲ့ ပြန်ရောင်းနေသူတွေရှိသလို ဆိုင်ခန်းမရလို့ ရန်ဖြစ်ကြသူတွေလည်း ရှိတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10