ပြည်မြို့တွင် လူငယ် ၁ ဦး ကြိုးဆွဲချသေဆုံးမှု ထပ်မံဖြစ်ပွား ၉ လတာအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၂ ဦးထိရှိလာ

ပြည်မြို့တွင် လူငယ် ၁ ဦး ကြိုးဆွဲချသေဆုံးမှု ထပ်မံဖြစ်ပွား ၉ လတာအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၂ ဦးထိရှိလာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းနယ်မြေ၊ အေးမြသာယာရပ်ကွက်မှာ လူငယ် ၁ ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက် မနက် ၁၁ နာရီခန့်မှာ အေးမြသာယာရပ်ကွက်နေ ရဲရင့်အောင် ၁၇ နှစ်ဟာ နေအိမ်ဧည့်ခန်းထုတ်တန်းမှာ လည်ပင်းကို နိုင်လွန်ကြိုးနဲ့ချည်ပြီး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"ဖြစ်စဥ်ဖြစ်တဲ့အချိန်မှာ သူ့အိမ်မှာ ဘယ်သူမှမရှိကြဘူး။ သူတယောက်တည်းရှိနေချိန် လုပ်သွားတာ။ ဘာကြောင့် ခုလိုလုပ်သွားလည်းဆိုတာတော့ မသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။  

မောင်ရဲရင့်အောင် ကြိုးဆွဲချသေဆုံးတာကို ကျန်ရှိမိသားစုဝင်တွေက အပြင်ကပြန်လာချိန်မှ တွေရှိခဲ့ရတာလို့ ဆိုပါတယ်။ 

ကြိုးဆွဲချသေဆုံးမှုကြောင့် ရဲနဲ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လာစစ်ပြီး အလောင်းကို ပြည်ဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၄ ရက်ကလည်း ပြည်မြို့နယ်၊ အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ်၊ သစ်ဆိပ့်ပင်ရွာမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးခဲ့သေးတယ်လို့  သိရပါတယ်။ 

မြေလတ်အသံက ကောက်ယူထားတဲ့စာရင်းအရ  ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၁၇ ရက်အတွင်း ပြည်မြို့နယ်အတွင်းမှာ ကြိုးဆွဲချ အဆုံးစီရင်သူ ၁၂ ဦးထိရှိလာပြီး မြေပြင်အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ကြိုးဆွဲချသေဆုံးမှု #ပြည်မြို့ #ပဲခူးတိုင်းအနောက်ခြမ်း #သေဆုံးမှုမြင့်တက် #စိတ်ဖိစီးမှု #စစ်အာဏာသိမ်းမှုအလွန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10