ပြည်မြို့ တွင် လမ်းလျှောက်သင်္ကြန်နှင့်ဖျော်ဖြေရေးမဏ္ဍပ်များပါကျင်းပရန် စစ်ကောင်စီပြင်ဆင်

ပြည်မြို့ တွင် လမ်းလျှောက်သင်္ကြန်နှင့်ဖျော်ဖြေရေးမဏ္ဍပ်များပါကျင်းပရန် စစ်ကောင်စီပြင်ဆင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့်နာမည်ကြီးဖျော်ဖြေရေးမဏ္ဍပ် များပါ ထည့်သွင်းကျင်းပရန် စစ်ကောင်စီက ပြင်ဆင်လျှက်ရှိသည်။

စစ်ကောင်စီက ဗဟိုမဏ္ဍပ်ကို ပြည်မြို့ နာရီစင်နှင့် စာတိုက်တန်းလမ်းတွင်ပြုလုပ်မည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်း  ဈေးကြီနှင့်တရုတ်ဘုံကျောင်းအထိ၊ ရေကစားမဏ္ဍပ်နှင့်ဖျော်ဖြေရေး အစီစဉ်များတွင်လည်း မြို့၏ နာမည်ကြီးဂိုဏ်းများဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့များပါဝင်မည်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

" နာမည်ကြီးမဏ္ဍပ်တခုကတော့ ညဈေးတန်းမှာ ဆောက်ဖို့ ပြင်ဆင်နေတယ်။ လူကြီးသားသမီးတွေ၊ စစ်ထောက်ခံတဲ့သူတွေ လူမိုက်တွေ စီးပွားလုပ်ငန်းရှင်တွေရဲ့သားသမီးတချို့လည်းပါဝင်တဲ့အဖွဲ့ပေါ့။ ဗဟိုမဏ္ဍပ်ကတော့ စာတိုက်တန်းလမ်းကိုပိတ်ပြီး ဆောက်မယ်။"ဟု မြို့ခံတဦးကပြောသည်။

ဖြေဖျော်ရေးယိမ်းအဖွဲ့များအတွက်လည်း နယ်မြေအလိုက် အသက် ၁၃ နှစ်မှ ၁၆ နှစ်အထိ မိန်းကလေးငယ် ၂၀ ဦးစီရွေးချယ်ခိုင်းထားပြီး စာရင်းကောက်မှုများလည်း ပြုလုပ်နေပြီဖြစ်ကာ ရပ်ကွက်အားလုံးမဏ္ဍပ် ဆောက်လုပ်ရမည်ဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးထံ ကသိရသည်။

"ယိမ်းတွေအတွက်လည်း အမျိုးသမီးငယ်တွေကို လိုက်ရွေးနေတယ်။ သူတို့လက်အောက်ခံအုပ်ကြီးတွေနဲ့ စစ်ထောက်ခံအစိမ်းတွေအများဆုံးပါတယ်" ဟု မြို့ခံတဦးကပြောသည်။

မဏ္ဍပ်ဆောက်လုပ်ရန်နှင့် ယိမ်းအဖွဲ့များအတွက် လောင်းကစားလုပ်ငန်းများနှင့် KTV၊ စားသောက်ဆိုင်များ စီးပွားရေးလုပ်ငန်းရှင်များထံက ငွေကြေးကောက်ခံမှုများပြုလုပ်နေပြီဖြစ်ကြောင်း မြို့ခံများကပြောသည်။

#မြေလတ်အသံ
ဓါတ်ပုံ-ပြည်မြို့တွင် သင်္ကြန်ရေကစားနေကြသူများကို တွေ့ရစဉ်(ပုံဟောင်း)

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10