ပြည်မြို့နယ်မှာပြုလုပ်တဲ့ သံမဏိနှင်းဆီ ပန်းသပိတ်

ပြည်မြို့နယ်မှာပြုလုပ်တဲ့ သံမဏိနှင်းဆီ ပန်းသပိတ်

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ❝ငုံ့မခံဘဲတုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ❞ ဆိုတဲ့ ပန်းသပိတ်လှုပ်ရှားမှုကို ပြည်မြို့နယ်ထဲက ဒေသခံအမျိုးသမီးတွေက နံနက် ၈ နာရီခန့်ကတည်းက ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

"ပြည်မြို့နယ်အနေနဲ့ ပြည်သူတွေအားလုံးရင်ထဲမှာ တော်လှန်ရေးကိုအစဉ်တစိုက် ရှိနေတယ်ဆိုတာ ပြောချင်တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့်မွေးနေ့မှာ ပြည်မြို့နယ်ကပြည်သူတွေပါဝင်သလိုပဲ တော်လှန်ရေးပြီးဆုံးအထိ မြန်မာတနိုင်ငံလုံးနဲ့အတူ အညာသူအညာသားဒေသသူတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတာ ပြောချင်တယ်" လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတာ၊ ဆုတောင်းတာတွေလည်း ပြုလုပ်ခဲ့ကြ ပြီး မေတ္တာပို့တာတွေကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ အခြားမြို့နယ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ရှိရာနေရာတွေမှာလည်း ပန်းသပိတ်တွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10