ပြည်မြို့မှာ ရာအိမ်မှူး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး

ပြည်မြို့မှာ ရာအိမ်မှူး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့ အောင်ရတနာရပ်ကွက် ခေတ္တရာနယ်မြေမှာ ရာအိမ်မှူး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက် မနေ့ည ၈ နာရီခွဲခန့်မှာ အသက် ၇၀အရွယ် အောင်ရတနာရပ်ကွက် ရာအိမ်မှူး ဦးကျင်ပွားဟာ သူရဲ့နေအိမ်ရှေ့မှာရှိနေချိန် တရပ်ကွက်တည်းနေ အသက် ၂၅ နှစ်အရွယ် သက်လူ ဆိုသူက ဓားနဲ့လာခုတ်သွားတာလို့ ဆိုပါတယ်။

"ရန်ငြိုးရန်စကြောင့်လား ဘာအတွက်ကြောင့်လည်းတော့ သေချာမသိရဘူး။ ခုတ်သွားတဲ့ အချက်ရေကတော့ တော်တော်များတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားနဲ့ခုတ်ခံရလို့ ဦးကျင်ပွားမှာ ဦးခေါင်း၊ လက်နဲ့ခြေထောက်တွေမှာ ဓားခုတ်ဒဏ်ရာတွေနဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဓါးနဲ့ခုတ်သူကတော့ လက်ရှိအချိန်ထိထွက်ပြေးနေပြီး မဖမ်းမိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။  

၂၀၂၃ ခုနှစ် မေလကလည်း ပြည်မြို့နယ်၊ ကြပ်ကုန်းရွာအနီး တောင်နဝင်းဆည်အနီးမှာ စျေးကပြန်လာတဲ့ တဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးလင်မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ရာအိမ်မှူး #ဓါးခုတ်ခံရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10