သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်မှာ ရဲသတင်းပေးလားမေးပြီး ဓားနဲ့ထိုးလို့ အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန် ၂၁ ရက်က ရွာဘဲရပ်ကွက်၊ မြကန်သာရပ်နေ ခိုင်မင်းနိုင် ၄၀ နှစ်ဟာ ရပ်ကွက်အတွင်းရှိ အအေးဆိုင်တခုမှာ ထိုင်နေချိန် တရပ်ကွက်တည်းနေ ကျော်သူရ ၃၄ နှစ်ဆိုသူက ရောက်လာပြီး "မင်းလားကွ ရဲသတင်းပေး၊ ဒလန်ကောင်" လို့ ပြောဆိုကာ အသင့်ပါလာတဲ့ ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။
"ရဲသတင်းပေးလားမေးပြီးတော့ ရင်ဘတ်ကို ဓားနဲ့ သုံးလေးချက်လောက်ထိုးပြီး ပြေးသွားတာ။ အထိုးခံရသူက ပြန်လည်ခုခံတာတောင် မလုပ်နိုင်ဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
ဓားနဲ့ထိုးခံရတဲ့ ခိုင်မင်းနိုင်ဟာ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပြီး အလောင်းကို တော့ ဒေသခံတွေက ပြည်ဆေးရုံကို ပို့ပေးခဲ့ရပါတယ်။
ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ ကျော်သူရကိုတော့ စစ်ကောင်စီနဲ့ ရဲက ညတွင်းချင်းလိုက်ဖမ်းပြီး ပြည်မြို့ရဲစခန်းမှာ လူသတ်မှုနဲ့အမှု ဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
မေ ၂၃ ရက်ညကလည်း ပြည်မြို့၊ ရွှေတချောင်းလမ်း၊ ဝါးရုံလမ်းထိပ်ရှိ ဓာတ်ပုံဆိုင်ကဝန်ထမ်းကို ဆိုင် အတွင်းဝင်ရောက်ကာ ပစ္စည်းယူတဲ့ လူငယ် ၂ ဦးက ဓားနဲ့အချက်ပေါင်းများစွာထိုးခဲ့လို့ သေဆုံးခဲ့ရသေးတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ပြည်မြို့ #ရွာဘဲရပ်ကွက် #ရဲသတင်းပေး #ဓားထိုးမှု
Share Share Share