ပြည်မြို့မှာ လူငယ်အမျိုးသား ၁ ဦး အဆုံးစီရင်

ပြည်မြို့မှာ လူငယ်အမျိုးသား ၁ ဦး အဆုံးစီရင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ တရုတ်စုရပ်ကွက်၊ ရထားလမ်းဘေးရှိနေအိမ် ၁ ခုမှာ လူငယ် ၁ ဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ်လူငယ် အမျိုးသား ၁ ဦး ဖြစ်ပြီး ၎င်းရဲ့နေအိမ်ထုတ်တန်းမှာ ဧပြီ ၂၁ ရက် မနေ့ည ၈ နာရီခွဲခန့်က ဒေသအခေါ် တရုတ်နှီး(ကြိုး)နဲ့ လည်ပင်းကိုချည်ပြီး ကြိုးဆွဲချသေဆုံးသွားတာလို့ ဆိုပါတယ်။

"သိရသလောက်ကတော့ လူမှုရေးကိစ္စတွေရှိတယ်လို့ သိရတယ်။ အသေးစိတ်ကတော့ မသိရဘူး။ အဲဒါကို စိတ်ညစ်ပြီး လုပ်သွားတာ။ အိမ်သားတွေ အပြင်ကပြန်လာမှ သိရတာ" လို့ ပြည်မြို့ခံတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ်ရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ပြည်ဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ပြည်မြို့အထွက် ကံသုံးဆင့်မုခ်ပေါက်အနီး တောထဲမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပြည် #ကြိုးဆွဲချ #သေဆုံးမှု #လူငယ်အမျိုးသား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10