သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း ပြည်မြို့မှာ ယာဥ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်နံပါတ်ပြားမပါရင် စစ်ကောင်စီက ထောင် ၁လ ချမှာဖြစ်ပြီး ဆိုင်ကယ်ပါ သိမ်းခံရမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိုင်ကယ်နံပါတ်ပြား မပါတာအပြင် နံပါတ်ပြား မထင်ရှားရင်တောင် ထောင်၁လ ချလို့ ရကြောင်း စစ်ကောင်စီတပ်သားတွေက ပြောဆိုနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
" နံပါတ်ပြားမထင်ရှားလည်း ထောင် ၁လ ၊ အသိတစ်ယောက် နံပါတ်ပြားကျိုးနေတာကို ဖမ်းပြီး နံပါတ်ပြားမထင်ရှားရင် ထောင်တလတဲ့၊ အာ့ကြောင့်မလို့တဲ့ ဦးထုပ်မဆောင်းပဲရေးလိုက်မယ်တဲ့၊ ဖမ်းချင်တဲ့ ဘီးဖမ်းနေသလိုပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။
တချို့နေရာ တွေမှာ ဆိုင်ကယ်ဖမ်းတဲ့ လုပ်ငန်းကို ယာဥ်ထိန်းရဲ မပါပဲ စစ်ကောင်စီတပ်သားတွေချည်းပဲ လုပ်ဆောင်နေပြီး ဆိုင်ကယ်စီးခွင့်ရှိတဲ့ မျဥ်းဝါထဲက မောင်းဖို့ ပြောဆိုတာမျိုးတွေလည်း ရှိနေပါတယ်။
" မနက်ပိုင်းဆိုမြို့တော်ခန်းမ ရှေ့ကနေစောင့်ပြီး မျဥ်းဝါထဲက မောင်းခိုင်းတယ်၊ ကိုးသောင်းစျေးရှေ့ကျ -ီးမှမောင်းမရဘူး၊ ဆိုင်ကယ်တွေကားတွေရပ်ထားတာနဲ့ " လို့ ဒေသခံတဦးက ပြောပါတယ်။
ပြည်မြို့ရဲ့ လမ်းမကြီးတွေနဲ့ အချို့နေရာတွေမှာ အနှေးယာဥ်များ မျဥ်းဝါအတွင်းက မောင်းနှင်ရန်ဆိုတဲ့သတိပေးဆိုင်းပုဒ်ထောင်ထားတာတွေ့ရပြီး စစ်ကောင်စီက စက်ဘီး၊ ဆိုင်ကယ်၊ အိုးဝေသုံးဘီး တွေကို အနှေးယာဥ်လို့ ကြေငြာထားတယ်လို့လည်း သိရပါတယ်။
ဖမ်းမိတာနဲ့ ချက်ချင်း ထောင်၁လ ချတာတွေ ရှိသလို ထောင်ချမခံရတာတွေလည်း ရှိနေပြီး ပန်းတောင်းမြို့နယ် ကျေးရွာတခုက အမျိုးသားတဦးကတော့ ထောင်၁လ ကျပြီး ပြန်လွတ်လာပြီဖြစ်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share