ပြည်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ ၁ ရွာကို လူ ၈ ဦး မဲနှိုက်တောင်းပြီး မဲမပေါက်သူတွေက ပိုက်ဆံပေးရ

ပြည်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ ၁ ရွာကို လူ ၈ ဦး မဲနှိုက်တောင်းပြီး မဲမပေါက်သူတွေက ပိုက်ဆံပေးရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့ ၁ ရွာကို လူ ၈ ဦး မဲနှိုက်တောင်းပြီး မဲမပေါက်တဲ့အိမ်တွေလည်း တအိမ်ကို ကျပ် ၁၅၀၀၀ နှုန်း ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ပထမအပတ်ကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတွေပါတဲ့ အဖွဲ့တွေက ပြည်သူစစ်ထဲပါဖို့ ၁ ရွာကို လူ ၈ ဦးတောင်းခံနေရာ ပါဝင်လိုသူမရှိတာကြောင့် မဲနှိုက်ရွေးချယ်နေတာလို့ ဆိုပါတယ်။

"စစ်တပ်ကလူတွေ မပါတာများတယ်။ ကျနော်တို့ရွာဆို ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေဘဲပါတယ်။ မဲနှိုက်ခိုင်းတယ်။ မဲပေါက်တဲ့သူတွေအတွက် ရွာမှာကျန်တဲ့သူတွေက ထောက်ပံ့ကြေးဆိုပြီး မပေးမနေရပေးရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မဲပေါက်တဲ့သူတွေဟာ ပြည်မြို့ ခမရ ၇၅ မှာ ပြုလုပ်မယ့် ပြည်သူ့စစ်သင်တန်းမှာ  ၂ ပတ်တာ သင်တန်းတက်ရောက်ရမှာဖြစ်ပါတယ်။

သင်တန်းတက်နေစဥ်ကာလအတွင်း ကျေးရွာမှာ ကျန်ရှိနေသူတွေက သင်တန်းတက်နေသူတွေကို ထောက်ပံ့ပေးဖို့ တအိမ်ကို ကျပ် ၁၅၀၀၀ ထည့်ဝင်ပေးရတာပါ။ 

မဲပေါက်တဲ့သူတွေထဲက သင်တန်းမတက်လိုသူ ပိုက်ဆံတတ်နိုင်သူတွေက ငွေပေးပြီး လူဌားဖို့စီစဥ်နေကြပြီး ငွေမတတ်နိုင်လို့ သင်တန်းလိုက်ရမယ့်သူတွေရဲ့ ဇနီးမယားဖြစ်သူတွေကတော့ ငိုကြွေးနေကြတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းထဲက ပြည်မြို့နယ်အပါအဝင် မြို့နယ်တွေနဲ့ ကျေးရွာအချို့မှာ စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့ ဖိအားပေးနေပြီး ပြည်သူ့စစ်ထဲ မဝင်လိုသူတွေများတာကြောင့် မဲနှိုက်ခိုင်းတာ၊ ငွေပေးပြီးဝင်ခိုင်းပြီး ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း 

 

 #မြေလတ်အသံ

#ပဲခူး #ပြည် #ပြည်သူ့စစ် #မဲနှိုက်ခိုင်း #ဖိအားပေး #ခြိမ်းခြောက် #သတင်း #မြေလတ်သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10