ပြည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး၊ ၉ လအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၄ ဦးထိရှိလာ

ပြည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး၊ ၉ လအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၄ ဦးထိရှိလာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြိုနယ်၊ မှော်ဇာ - ကုန်းရိုးကျေးရွာမှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက် ည ၁၀ နာရီခန့်မှာ အဲ့ဒိကျေးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးဟာ နေအိမ်မှာ လူမရှိခိုက် နေအိမ်အနောက်ဆောင်မှာ ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဆိုပါတယ်။

"သေဆုံးသူ အမျိုးသားရဲ့ မိန်းမက ပြည်ဆေးရုံက ဝန်ထမ်းလို့သိရတယ်။ လူမှုရေးကိစ္စ စိတ်ညစ်စရာရှိလို့ ခုလိုလုပ်လိုက်တာဖြစ်မယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီအမျိုးသား ကြိုးဆွဲချသေဆုံးနေတာကို မိသားစုဝင်တွေက အပြင်က ပြန်လာမှ သိရတာဖြစ်ပြီး အလောင်းကို ပြည်ဆေးရုံကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ကြိုးဆွဲချသေဆုံးသူ အလောင်းကို ပြည်ဆေးရုံမှာ လိုအပ်တာစစ်ဆေးမှုပြုလုပ်ပြီး နေအိမ်ပြန်သယ်ကာ နာရေးကိစ္စ စီစဥ်နေကြတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၉ ရက်ကလည်း ပြည်မြို့၊ နဝဒေးကားကြီးကွင်းအနောက်ဘက် တောစပ်မှာ ကြိုးဆွဲချသေဆုံးလျက် အမျိုးသား အလောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၂၈ ရက်အထိ ပြည်မြို့နယ်အတွင်းမှာ ကြိုးဆွဲချသတ်သေသူ ၁၄ ဦးထိရှိတယ်လို့ မြေလတ်အသံက တင်ပြထားတဲ့စာရင်း‌တွေအရ သိရပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ကြိုးဆွဲချ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10