ပြည်မှာ ဧရာဝတီမြစ်အတွင်း ကန်တော့ပွဲရေမျှောရာမှ အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံး

ပြည်မှာ ဧရာဝတီမြစ်အတွင်း ကန်တော့ပွဲရေမျှောရာမှ အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားပန်းခြံအနီးမှာ ဇွန်လ ၂၄ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခန့်က ဧရာဝတီမြစ်အတွင်း ကန်တော့ပွဲမျှောရာမှ  အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ရေနစ်ပျောက်ဆုံးနေသူဟာ ပြည်မြို့၊ မြို့သစ်ရပ်နေ အသက် ၆၀ ခန့် အမျိုးသားတဦးဖြစ်ပြီး ပန်းခြံအနီး ဆိပ်ခံဗောတံတားကနေ ဧရာဝတီမြစ်အတွင်းဆင်းကာ ကန်တော့ပွဲရေမျှောချိန် လူပါရေနစ်ပျောက် ဆုံးသွားတာလို့ ဆိုပါတယ်။

"သိုက်ပွဲမျှောတာတဲ့။ ရေကလည်း တက်ထားတာသိပ်မကြာသေးတာကို သူကလည်းဆင်းတာ။ ရေနည်းနည်းနက်တဲ့အထဲရောက်ပြီး လူပါမြုပ်သွားတာတဲ့။ လေး၊ ငါးခါလောက်ပေါ်လိုက်မြုပ်လိုက် ဖြစ်သေးတယ်လို့ သိရတယ်" လို့ ပြည်မြို့ခံတဦးက မြေလတ်အသံကို ပြောပြာပါတယ်။

ရေနစ်သူဟာ ဘယ်သူဘယ်ဝါဆိုတာမသိရသေးဘဲ  သူ့ကို ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်အဖွဲ့တွေက ရှာဖွေကယ်ဆယ်မှုတွေလုပ်ဆောင်နေပေမယ့် ဒီညနေ ၃ နာရီခွဲထိတော့  မတွေ့ရှိသေးဘူးလို့ဆိုပါတယ်။

ဧပြီလ ၂၆ ရက် ညနေ ၅ နာရီခန့်က ပြည်မြို့၊ လကမ်းနားလမ်းပန်းခြံအနီး ဆိပ်ခံဗောတံတားနားကနေ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးတဲ့ အမျိုးသား ၃ ဦး ရေနစ်သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ပြည် #ဧရာဝတီမြစ် #ရေနစ် #ပျောက်ဆုံးမှု #ကယ်ဆယ်ရေး #သိုက်မျှောပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10