ပြည်မှာ ကြိုးဆွဲချသေဆုံးနေတဲ့ အမျိုးသားအလောင်းထပ်တွေ့

ပြည်မှာ ကြိုးဆွဲချသေဆုံးနေတဲ့ အမျိုးသားအလောင်းထပ်တွေ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝဒေးကားကြီးကွင်းအနောက်ဘက် တောစပ်မှာ ကြိုးဆွဲချသေဆုံးလျက် အမျိုးသားအလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ တောထဲသွားသူ ဒေသခံတဦးက တောစပ်သစ်ပင်မှာ ပုဆိုးနဲ့ကြိုးဆွဲချသေဆုံးနေတဲ့ အမျိုးသားအလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"တောသွားသူကတွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားရာကနေ အလောင်းကိုသွားဖြုတ်ခဲ့ရတယ်။ သေဆုံးသူ ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး သေဆုံးသူအလောင်းရဲ့ ပုံစံအရ သေဆုံးနေသည်မှာ တပတ်ခန့်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ 

အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ပြည်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်ကလည်း ပြည်မြို့၊ နဝင်းနယ်မြေ၊ အေးမြသာယာရပ်ကွက်က နေအိမ်မှာ လူငယ် ၁ ဦး ကြိုးဆွဲချ သေဆုံးခဲ့ပါသေးတယ်။ 

မြေလတ်အသံက ကောက်ယူထားတဲ့အရေအတွက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလ ၁၉ ရက်အထိ ပြည်မြို့နယ်အတွင်းမှာ ကြိုးဆွဲချသေဆုံးသူ ၁၃ ဦးထိရှိလာပြီး မြေပြင်အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပြည် #ကြိုးဆွဲချ #အမျိုးသား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10