သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့၊ ရွှေတချောင်းလမ်း၊ ဝါးရုံလမ်းထိပ်ရှိ ဓာတ်ပုံဆိုင်က ဝန်ထမ်း ၁ ဦး ကတ်ကြေးနဲ့ အချက်ပေါင်းများစွာထိုးပြီး အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၃ ရက် ည ၁၀ နာရီ ၃၀ ခန့်မှာ အသက် ၂၅ နှစ်အရွယ် ဆိုင်ဝန်ထမ်းအမျိုးသားတဦးကို ဆိုင်အတွင်း ခန္ဓာကိုယ်အနှံ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဆိုင်အနီးဝန်းကျင်မှာနေထိုင်သူတွေက တွေ့ခဲ့တာလို့ ဆိုပါတယ်။
"ဘယ်ကနေ ဘယ်လိုစဖြစ်ပြီး အသတ်ခံရတာလဲတော့ မသိရဘူး။ သေဆုံးသူ လူငယ်မှာတော့ ဒဏ်ရာဒဏ်ချက် တော်တော်များများရပြီး သေနေတာ။ ခြေထောက်တခုပဲ ဒဏ်ရာမရှိတာ"လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသူလူငယ်ဟာ ဓာတ်ပုံဆိုင်မှာ ညအိပ်ညနေ နေထိုင်သူဖြစ်ပြီး ဘယ်သူက ဘာကြောင့်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အလောင်းကိုတွေ့ရှိပြီး တနာရီခန့်အကြာမှာ ရဲတွေက လာရောက်စစ်ဆေးခဲ့ပြီး အလောင်းကိုတော့ ပြည်ဆေးရုံကိုသယ်သွားပြီး သတ်တဲ့သူကိုတော့ လက်ရှိအချိန်ထိ မဖမ်းမိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်ကလည်း ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဧရာဝတီမြစ်အတွင်းမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ အလောင်းကိုတွေ့ရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပြည် #အသတ်ခံရ #အမျိုးသား
Share Share Share