သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်မြို့ ရွှေဆံတော်ဘုရားပွဲ တန်ဆောင်တိုင်ပွဲစျေးမှာ အပျော်စီးပင်လယ်ဓါးပြလှေ အတက်အဆင်းလှေကား ပြိုကျခဲ့ပါတယ်။
နိုဝင်ဘာလ ၁၄ ရက် ည(တန်ဆောင်မုန်းအဖိတ်နေ့ည) ၇ နာရီခန့်မှာ ပြည်မြို့ အထက ၁ ကျောင်းဘေး ဘောလုံးကွင်းထဲက "ကျော်သူမိုး" အပျော်စီးပင်လယ်ဓါးပြလှေရဲ့ အတက်အဆင်းလမ်း သံငြမ်းစင်ဟာ တက်စီးကြမယ့် သူများတဲ့အတွက် ပြိုကျခဲ့တာလို့ ဒေသခံတဦးက ဆိုပါတယ်။
"အကြီးအမားထိခိုက်တာမျိုးတော့ မရှိဘူး။ လူမှုကူညီရေးအသင်းကားတွေသွားတာတောင်မရှိဘူး။ အနည်းအကျဥ်းပွန်းပဲ့သူ အနည်းငယ်လောက်ပဲ။ ဆေးရုံတင်ရလောက်တဲ့သူမရှိဘူး။ ဒီအတိုင်းပဲပြီးသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတွေပြောကြားချက်အရ စင်ပြိုကျလို့ ပွန်းပဲ့အနည်းငယ်ဒဏ်ရာရ နှစ်ဦး သုံးဦးခန့်သာရှိပြီး ဆေးရုံပို့ဆေးကုသရသူတွေမရှိဘူးလို့ ဆိုပါတယ်။
အတက်အဆင်းလှေကားပြိုကျပြီးနောက် ပင်လယ်ဓားပြလှေ ဆက်လက် လည်ပတ်တာမျိုးမရှိဘဲ ပိတ်လိုက်ရပါတယ်။
နိုဝင်ဘာလ ၈ ရက်ကစတင်ပြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို စတင်ကျင်းပနေတာဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ စွယ်တော်မြတ်လှည့်လှည်အပူဇော်ခံခြင်း၊ ဘုရားပွဲအတွင်း စွမ်းဇာနည်ဇာတ်သဘင်အပါအဝင် ပျော်ပွဲရွှင်ပွဲများ၊ ခြင်းပြိုင်ပွဲများထည့်သွင်းကျင်းပပြုလုပ်နေတာလို့ သိရပါတယ်။
#မြေလတ်အသံ
#ပဲခူး #ပြည် #ရွှေဆံတော် #ဘုရားပွဲ #ပင်လယ်ဓားပြလှေ
Share Share Share