သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တော်လှန်ရေးမှာပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူကို မျက်နှာမမူတဲ့လုပ်ရပ်တွေ၊ ဥပဒေချိုး ဖောက်တာတွေ၊ တော်လှန်ရေးထက် မိမိအကျိုးစီးပွားပဲ ကြည့်သူတွေကိုအရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ဦးစားပေး ဆောင်ရွက်မယ့်ကိစ္စရပ်တွေအဖြစ် လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က နှစ်သစ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ပြည်သူကိုမျက်နှာမူပြီး အလေးထားတဲ့ အုပ်ချုပ်ရေးယန္တရားတွေ၊ စည်းကမ်းရှိတဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖြစ်လာအောင် အထူးအလေးထားဆောင်ရွက်နေသလို “ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ၊ ပြည်သူရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ” ဆိုတဲ့ မူကိုကိုင်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရ၊ ပြည်သူရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့မူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလဖြစ်တာကြောင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍမှာ အားနည်းချက်တွေရှိနေဆဲဖြစ်တဲ့အတွက် တချို့ကလည်း သူတို့ရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်လို့ရမယ်၊ ရှောင်ပုန်းလို့ ရမယ်လို့ ထင်နေသူတွေလည်း ရှိနိုင်ပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ဆိုရိုးလိုပဲ ရာဇဝတ်မှု ကျူးလွန်သူတိုင်း ဥပဒေချိုးဖောက်သူတိုင်းကို ပြစ်ဒဏ်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက မမှိတ်မသုန် ကြိုးစားအကောင်ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို တော်လှန်ရေးကာလအတွင်း အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသလို လိုအပ်လာရင်လည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းစဥ်နဲ့ပါ ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
တရားမျှတမှု ဆောင်ကြဉ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးက ဆက်လက်ဦးစားပေး ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေဖြစ်ပြီး တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်တဲ့အပြောင်းအလဲတွေကိုလည်း တွန့်ဆုတ်မှုမရှိဘဲ ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့လည်း တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်တဲ့စုဖွဲ့မှုတွေကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပြီး ဦးဆောင်မှုလိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ အားနည်းချက်တွေကိုလည်း ပြင်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့ နှစ်သစ်မိန့်ခွန်းမှာ ပါရှိပါတယ်။
#မြေလတ်အသံ
#NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း #နှစ်သစ်မိန့်ခွန်း
Share Share Share