ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာမှာ ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁ နာရီခန့်မှာ ခြေတော်ရာကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး ဦးမျိုးကြည် ၅၀ နှစ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ အစည်းအဝေးလုပ်နေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

"သူတို့က ပြည်သူစစ်ဖွဲ့ဖို့ အစည်းအဝေးလုပ်နေချိန် ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာ။ သူကိုဦးတည်ပြီး ပစ်တာမျိုးဆိုတော့ ကျန်သူတွေမထိဘူးလို့တော့ သိရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးမျိုးကြည်မှာ ဝမ်းဗိုက်၊ မျက်နှာနဲ့ ဦးခေါင်းတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ပဲခူးတိုင်းမြို့နယ်တွေထဲမှာ စစ်ကောင်စီဘက်က ပြည်သူစစ်ဖွဲ့ဖို့ ကျေးရွာအူပ်ချုပ်ရေးမှူးတွေကို ဖိအားပေးနေပြီး တရွာကိုအနည်းဆုံး လူ ၂၀ မှ ၃၀ ထိ တောင်းခံထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #အုပ်ချုပ်ရေးမှူး #အသတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10