ပြည်သူတွေကို ဖမ်းဆီးရိုက်နှပ်နေတဲ့ ခလရ ၂၅၃ က စစ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ရွာကျေးရွာက ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်နေတဲ့ ခလရ ၂၅၃ က အင်အား ၈၀ ကျော်ပါ စစ်ကြောင်းကို ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖအဖွဲ့က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ တောင်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြည်သူတွေကို ဖမ်းဆီး ရိုက်နှက်နေတာကြောင့် စက်တင်ဘာလ ၃၀ ရက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြတာပါ။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်၊ MRTF နဲ့ PKU Thurain တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၈ ရက်ကလည်း မြိုင်နဲ့ ပခုက္ကူအကြားက စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ 

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မြိုင် #စစ်ကောင်စီစစ်ကြောင်း #ခလရ ၂၅၃ #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10