ပြည်သူတွေမထိခိုက်တဲ့ သင်္ကြန်မစ်ရှစ်တွေအတွက် လက်နက်ခဲယမ်း ထောက်ပံ့မယ်လို့ဆို

ပြည်သူတွေမထိခိုက်တဲ့ သင်္ကြန်မစ်ရှစ်တွေအတွက် လက်နက်ခဲယမ်း ထောက်ပံ့မယ်လို့ဆို

စစ်ကောင်စီနဲ့ သူတို့အပေါင်းအပါတွေ ပြုလုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေကိုတိုက်ခိုက်ဖို့ ဘယ်တော်လှန်ရေးအဖွဲ့ကိုမဆို လက်နက်ခဲယမ်းထောက်ပံပေးမယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် ဝရဇိန်လက်နက်ထုတ်လုပ်ရေးနဲ့ ပြုပြင်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီဘက်က ပြုလုပ်မယ့်သင်္ကြန်ပွဲကို လက်မခံတာကြောင့် ရတဲ့နည်းလမ်းနဲ့ တိုက်ခိုက်သွားမှာဖြစ်သလို တိုက်ခိုက်ရာမှာလည်း ပြည်သူတွေမထိခိုက်စေမယ့် နည်းလမ်းနဲ့လုပ်လိုတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို လက်နက်ခဲယမ်းထောက်ပံပေးဖို့ စီစဥ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။



"ကျနော်တို့ဘက်ကတော့ စကစ လုပ်မယ့် သင်္ကြန်ကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။ ဒါကြောင့် မရရတဲ့နည်းနဲ့ဖျက်မှာဘဲ။ သူတို့ကတော့ တိုင်းပြည်ဘာမှမဖြစ်တဲ့ ပုံစံနဲ့ ပျော်ပါးပြမှာလေ။ စကစ ကို တိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့ကိုမဆို ငှားရမ်းထုတ်ပေးသွားမှာ။ ဘယ်တိုင်းဘယ်ဒေသဆိုပြီး မသတ်မှတ်ထားဘူး၊ ထုတ်ပေးတဲ့ လက်နက်တွေကိုလည်း ကာလတခုပြီးရင် ပြန်အပ်ရမှာပါ။ ကျည်ကလည်း မရှိတဲ့အဖွဲ့ဆိုရင် ထိုက်သင့်သလောက် ကျည်တွေပါထုတ်ပေးမှာပါ"လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာမလုပ်ဘဲ စစ်ကောင်စီအပါအဝင် သူတို့နဲ့ပတ်သက်သူတွေ ပြုလုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ ဝေးဝေးနေဖို့ လိုတယ်လို့ ဆိုပါတယ်။

လက်နက်ထုတ်ပေးရမှာလည်း တပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ လက်နက်ဌားရမ်းခြင်း စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး၊ အဓိက ပြည်သူတွေထိခိုက်အောင် မလုပ်ဖို့ တင်းကြပ်တားမြစ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခုလိုလက်နက်တွေ ငှားရမ်းထုတ်ပေးမှာနဲ့ ပက်သက်ပြီး မုံရွာအခြေစိုက် PDF အဖွဲ့တဖွဲ့မှ အဖွဲ့ဝင်တဦးကလည်း ခုလိုပြောပါတယ်။



"ကျနော်တို့ဘက်ကည်း ဒီသင်္ကြန်ကာလမှာ စကစ လုပ်တဲ့ သင်္ကြန်ပွဲတော်ကို ရတဲ့နည်းနဲ့တိုက်ခိုက်ဖို့ အဖွဲ့ပေါင်း ၂၀ လောက်ပါတဲ့ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနေတယ်။ အချို့အဖွဲတွေမှာ လက်နက်လိုအပ်ချက်တွေရှိနေတာရှိတော့ ထောက်ပံပေးမယ်ဆိုတာက ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုမူဝါဒနဲ့ပေးမှာလဲ၊ လာငှားတဲ့ အဖွဲ့များရင်လဲ သူတို့ဘက်က ထုတ်ပေးနိုင်မယ့် အခြေနေရှိမလားဆိုတာကတော့ ကြည့်ရဦးမယ်"လို့ ဆိုပါတယ်။

စစ်ကောင်စီကို တိုက်လိုတဲ့အဖွဲ့တွေကို စနိုက်ပါအပါအဝင် လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို ဌားရမ်းထုတ်ပေးသွားမှာဖြစ်ပြီး၊ ထုတ်လုပ်ထားတဲ့ လက်နက်တွေထဲကနေ အချိုးချ ခွဲဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ငှားရမ်းထောက်ပံ့ပေးမယ့် လက်နက်ပုံစံများ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10