ပြည်သူပိုင်အိမ်တွေကို ကင်းစခန်းလုပ်ထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီက စစ်သားတွေဟာ ဝက်မှေးရွာက ပြည်သူပိုင်နေအိမ်တွေကို ခြံစည်းရိုးခတ် ကင်စခန်းလုပ်‌ပြီး ကင်းဝပ်နေတဲ့အတွက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingyi G-Z People Defence Force အဖွဲ့ဆီက သိရပါတယ်။

ဝမ်ပေါင်ကုမ္ပဏီထဲက စစ်သားတွေ ကင်းဝပ်နေတဲ့ ကင်းစခန်းကို စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ဝမ်ပေါင်ကုမ္ပဏီဘေး ဝက်မှေးရွာဟောင်းက ပြည်သူပိုင်အိမ်တွေနဲ့ မြေယာတွေကို ခြံစည်းရိုးခတ်ကြတာ။ မိန်းလမ်းကြီးဘေးက အဲ့ဒီကင်းစခန်းနဲ့ဆို ပေ ၁၅၀ ပေ ၂၀၀ အကွာကနေ ကျနော်တို့်သွားပစ်တာ။"လို့ Salingyi G-Z People Defence Force တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တာဝန်ခံက ဆက်ပြောပါတယ်။

အဲ့ဒီစစ်အုပ်စုဟာ ဝမ်ပေါင်ကုမ္ပဏီထဲက တပ်ရင်း ၃ ရင်းစာ အင်အား ၃၀၀ ဝန်းကျင်နဲ့ တပ်စွဲနေတာဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီဘေး ဝက်မှေးရွာဟောင်းက မိန်းလမ်းမကြီးဘေးမှာရှိတဲ့ ပြည်သူပိုင်နေအိမ်တွေကို ခြံစည်းရိုးခတ်ကာ ကင်းစခန်းလုပ်ထားတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Salingyi G-Z People Defence Force နှင့် YPF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်တွေဟာ ဝက်မှေးရွာနားက တာဝါတိုင်ကိုပြင်ဖို့ အင်အားဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ဆားလင်းကြီး #ဝမ်ပေါင်ကုမ္ပဏီ #စစ်အုပ်စု #ကင်းစခန်း #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10