ပြည်သူမှပြည်သူသို့အဖွဲ့က စစ်ရှောင်မိသားစုတွေကို စားဆီနဲ့ခြင်ထောင်တွေ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်း တောတွေထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က နေကြာဆီနဲ့ ခြင်ထောင်တွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင် ၂ ရက် နဲ့ ၃ ရက် မနက်ပိုင်းတွေမှာ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့က အိမ်ထောင်စု ၁၆၃ စုအတွက် အိမ်ထောင်စုတစုကို နေကြာဆီ ၁ လီတာနဲ့ အိမ်ထောင်စု ၂၅၀ အတွက်ကိုတော့ အိမ်ထောင်စုတစုကို ခြင်ထောင် ၁ လုံး ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ထောက်ပံ့ရာမှာ နေကြာဆီ ၁ လီတာ ၇ ထောင်ကျပ်နဲ့ ခြင်ထောင် ၁ လုံးရဲ့ ကုန်ကျစရိတ်ကတော့ စစ်ဘေးရှောင်ဒေသအရောက်ကို ၂ သောင်းကျကာ ကားခနဲ့ သယ်ယူစရိတ်နဲ့စုစုပေါင်းဆို ၅၂ သိန်း ၅ သောင်း ကုန်ကျခဲ့တယ်လို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီး က ပြောပါတယ်။

ကောလင်းမြို့ အနောက်ခြမ်းမှာ စစ်ဘေးရှောင် ၂ သောင်းကျော်ရှိပြီး အခုလှူဒါန်းခဲ့တဲ့ စစ်ဘေးရှောင်ဦးရေဟာ ၈၀၀၀ ဝန်းကျင်ခန့်ပဲ ရှိပါသေးတယ်။

စစ်ဘေးရှောင်လာရတဲ့ ပြည်သူတွေကတော့ ကောလင်းမြို့ပေါ်ရပ်ကွက်နဲ့ မြို့နဲ့ ၂ မိုင်ပတ်လည်အကွာက ဒေသခံတွေများတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကောလင်း  #စစ်ရှောင် #နေကြာဆီ #ခြင်ထောင် #ထောက်ပံ့ #ကောလင်းပြည်သူမှပြည်သူသို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10