ပြည်သူလှူတန်းတဲ့ ထန်းလက်နဲ့ ဘားတိုက်ဆောက်နေတဲ့ PDA ရဲဘော်တွေ (ရုပ်/သံ)

မကွေးတိုင်းအခြေစိုက်တဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် People's Democratic Army - PDAရဲဘော်တွေဟာ ဘားတိုက်ဆောက်လုပ်ဖို့အတွက် ဒေသခံပြည်သူတွေ လှူဒါန်းတဲ့ ထန်းလက်တွေကိုအသုံးပြုရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဝါးတွေနဲ့ မျော(သစ်)တိုင်တွေကိုတော့ လှူဒါန်းထားတဲ့ ဒေသခံတွေရဲ့ခြံထဲက‌နေခုတ်ယူရတယ်လို့ ဆိုပါတယ်။

အညာဒေသမှာ သက်ငယ်(သက်ကယ်)တချပ်ကို ကျပ်ငွေ ၄၀၀/၅၀၀ ခန့်ပေါက်ဈေးရှိပြီး ထန်းလက်တလက်ကို  ကျပ်ငွေ ၃၀၀ ခန့်ရှိတာကြောင့်စရိတ်ချွေတာတဲ့အနေနဲ့ဒေသခံတွေဆီကထန်းလက်အလှူခံကာ ဘားတိုက်‌ဆောက်လုပ်ခဲ့တာလို့ဆိုပါတယ်။

ထန်းလက်ကိုတော့ ဒေသခံတွေအသုံးမပြုတော့တဲ့ ထန်းပင်တွေကနေ ကိုယ်တိုင်တက်ခုတ်ကာ စခန်းဆောက်လုပ်ရာမှာသုံးတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDA က အမှတ်(၁)စစ်ဒေသမှူး ရဲဘော်နဂါး က ပြောပါတယ်။

"ထန်းလက်ရောင်းတဲ့သူတွေတော့ ရှိတယ်။ တလက်ကို ၃၀၀ ကျပ်ပေါ့။ ကျွန်တော်တို့ကတော့ မရောင်းဘဲဒီတိုင်းပစ်ထားတဲ့ပိုင်ရှင်တွေဆီက အလှူခံရတာပေါ့။ ဝါးတို့ မျောတိုင်တို့ကလည်း တောလိုက်ပိုင်တဲ့ပြည်သူတွေက လိုသလောက်ခုတ်ယူဆိုပြီး လှူထားတော့ ရဲဘော်တွေကိုယ်တိုင်ပဲ ခုတ်ပီးအသုံးပြုတာပေါ့။ ငွေကြေးကတော့ ခက်ခဲတာပေါ့။ အဲ့ဒါကြောင့် အဓိကလိုအပ်တဲ့ လက်နက်ခဲယမ်းဖြည့်ဆည်းနိုင်ဖို့ တချို့နေရာတွေ အပိုမကုန်အောင်လုပ်ရတာပေါ့။" လို့ရဲဘော်နဂါးက ပြောပါတယ်။

လက်ရှိမှာ မိုးရာသီကျရောက်ကာနီးဖြစ်တဲ့အတွက် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ စခန်းတွေကို ပြန်လည်ပြုပြင်နေရတယ်လို့လည်းသူကဆက်ပြောပါတယ်။ 

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDA ရဲ့တပ်တွင်းမှာ တပ်ရိက္ခာအတွက်စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ထားတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - HP၊ စာတည်း - ဇို

#မြေလတ်အသံ

#reels #ထန်းလက် #စခန်း #ဘားတိုက် #ပြည်သူ့ဒီမိုကရက်တစ်တပ်တော် #PDA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10