ပြည်သူ့စစ်ထဲလိုက်မယ့်သူမရှိလို့ ပန်းတောင်းမြို့နယ်ရဲမှူးကိုယ်တိုင်ဆင်းပြီး လူတောင်း

ပြည်သူ့စစ်ထဲလိုက်မယ့်သူမရှိလို့ ပန်းတောင်းမြို့နယ်ရဲမှူးကိုယ်တိုင်ဆင်းပြီး လူတောင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ကျီးတောကျေးရွာမှာ ပန်းတောင်းမြို့နယ် ရဲမှူးနဲ့ စစ်သားတွေလာရောက်ကာ ပြည်သူ့စစ်(ပျူစောထီး)အတွက် လူအင်အား စုဆောင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် ဒီကနေ့ မနက်မှာ စစ်တပ်နဲ့ ရဲအင်အား ၃၀နဲ့လာကာ ကျေးရွာတွေကို PDFတွေက လာရောက်တိုက်ခိုက်ရင် ခုခံကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတောင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

“PDF က ရွာတွေကို ဝင်တိုက်တာလား။ စစ်တပ်စခန်းရှိတဲ့နေရာကို တိုက်တာလားလို့ မေးရင်လည်း အဲ့နေရာမှာတင် ကျတော်တို့ ဆွဲစိခံရမှာ” လို့ ကျေးရွာသားတဦးက ပြောသည်။ 

ကျေးရွာအတွင်း ပြည်သူ့စစ်(ပျူစောထီး)ထဲဝင်ရန် ဘယ်သူမှ မလုပ်ချင်၊ စိတ်မဝင်စားတဲ့အတွက် ဖွဲ့မရသေးဘူး လို့ ဆိုပါတယ်။ 

“သူတို့စကားအရဆိုရင်တော့ နောက်တခါလောက် ထပ်လာဦးမှာ။ ဒီအဖွဲ့စည်းကို ရအောင်ဖွဲ့မယ်ဆိုတဲ့ပုံစံ" လို့ ကျီးတောကျေးရွာသားတဦးက ပြောပါတယ်။ 

ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လူတောင်းပေမယ့် ရွာသားတွေက မလိုက်ချင်တဲ့အတွက် စာရင်းမပေးကြလို့ ဒီကနေ့မှာ ရဲမှူးနဲ့ စစ်ကောင်စီတပ်သားတွေ ကိုယ်တိုင် ပထမဆုံး အကြိမ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရဲမှူးက ပြောတာက အသက် ၁၈ နှစ်နဲ့ ၆၀ အတွင်းကိုမှ အသက် ၅၀ကျော်ရင်ကျ တိုက်ပွဲတခုဖြစ်လာရင် မပြေးနိုင်မှာစိုးလို့ ၁၈ ကနေ ၄၀ အတွင်း လိုချင်တာလို့ ပြောတယ်။" လို့ အထက်ပါ ရွာသားက ဆက်ပြောပါတယ်။

ရဲမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျီးတောကျေးရွာအနီးတဝိုက်က တခြားရွာတွေမှာပါ အစည်းအဝေးလုပ်ကာ လူအင်အားတောင်းဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာမှာလည်း ဇန်နဝါရီ ၁၃ ရက်မှာ စစ်ကောင်စီက ဒေသခံပြည်သူတွေကို ပြည်သူ့စစ် (ပျူစောထီး)အတွက် အတင်းအဓမ္မခေါ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူတချို့ကို ကယ်ထုတ်ခဲ့ရပါသေးတယ်။ 

ဇန်နဝါရီ ၁၀ ရက်ကတည်းက ပန်းတောင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက ကျေးရွာလူကြီး တွေကို အစည်းဝေးခေါ်ပြီး ပြည်သူ့စစ်အတွက် အသက် ၁၈နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသား/သမီး အကုန် တအိမ်တယောက် ထွက်ရမှာဖြစ်ကာ တရွာကို ၂၀၊ ၃၀ စသည်ဖြင့် သတ်မှတ်ကာ အိမ်ခြေ ၁၀၀ကို အယောက် ၂၀ နှုန်းနဲ့ မဲနှိုက်ရွေးချယ်တာတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။ 

ပုံစာ- ဇန်နဝါရီ ၁၆ရက် မနက်က ကျီးတော ကျေးရွာမှာ လူစုနေစဥ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပန်းတောင်းမြို့နယ် #ကျီးတောကျေးရွာ #ရဲမှူး #စစ်ကောင်စီ #တပ်သား #ပြည်သူ့စစ် #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10