ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်ပေးနေတဲ့ ရာအိမ်မှူး ပစ်သတ်ခံရ

ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်ပေးနေတဲ့ ရာအိမ်မှူး ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်က လက်ဖက်ရည်ဆိုင်တခုမှာ စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒိုက်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဇန်နဝါရီလ ၁၈ ရက်ဒီမနက် ၉ နာရီလောက်မှာ “ဟိန်းကျော်” လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ဖအောင်ဝဲရပ်ကွက်မှ အသက် ၆၀ အရွယ် ရာအိမ်မှူး ဦးခင်မောင်အေးနဲ့ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း ၆၈ နှစ်တို့ကို ပစ်ခတ်ခဲ့ရာ ဦးခင်မောင်အိမ်က နေရာတင်သေဆုံးပြီး ဦးခင်ဝင်းကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

"သူတို့ ဆိုင်ထိုင်နေချိန်မှာ ရုတ်တရက်ဝင်ရောက်ပြီး လေးငါးခြောက်ချက်လောက် ပစ်ခတ်ခဲ့တယ်။ ရာအိမ်မှူးဆိုသူက နေရာမှာပဲ သေသွားတယ်။ အုပ်ကြီးကတော့ မသေဘူး"လို့ ဒိုက်ဦးမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ရလို့ ရာအိမ်မှူး ဦးခင်မောင်အေးမှာ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာတင်သေဆုံးပြီး ဦးခင်ဝင်းမှာတော့ ဦးခေါင်းရှပ်ထိဒဏ်ရာရခဲ့တာကြောင့် လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေပြီး လက်တလောလုပ်ဆောင်နေတဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေးကိစ္စတွေမှာလည်း ပါဝင်လုပ်ကိုင်နေသူတွေ ဖြစ်တာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ဇူလိုင် ၂၆ ရက်ကလည်း ဒိုက်ဦးမြို့အမှတ် ၁ ဈေးပိုင်းရပ်ကွက် စည်ပင်သာယာ ဈေးခေါင်းရုံးရှေ့ လမ်းမပေါ်မှာ အမျိုးသား ၂ ဦး သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #ရာအိမ်မှူး #အသတ်ခံရ #ပစ်ခတ် #ဒိုက်ဦးပကဖ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10