သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ တောင်တီးကျေးရွာအုပ်စု၊ ကျားမွေးကျေးရွာမှာ ပြည်သူ့စစ်လုပ်ဖို့ လူငယ်တွေကို လိုက်လံစည်းရုံးနေသူ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၆ ရက် မနက် ၆ နာရီခန့်မှာ ကျေးရွာပျူစောထီးအဖွဲ့ဝင် ဦးတင်ဌေး၊ အသက် ၄၈ နှစ်ဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ရောက်လာပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
"သူ့ကို နေအိမ်အရှေ့ခေါ်ချပြီး ပစ်သတ်သွားတာလို့တော့ သိရတယ်။ ကျည်ထိဒဏ်ရာကတော့ သုံးလေးချက် လောက်ရပြီး နေရာမှာပဲ သေသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရလို့ ဦးတင်ဌေးမှာ ဦးခေါင်းနဲ့ ရင်ဘတ်မှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။
ဦးတင်ဌေးဟာ စစ်ကောင်စီအာဏာမသိမ်းခင်က ကျေးရွာအတွင်း ရပ်ကျိုးရွာကျိုးအတွက် တတ်နိုင်သလောက် ကူညီပေးနေသူဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ရဲဘက်ပါသွားကာ ကျေးရွာအတွင်းက လူငယ်တွေကို ပြည်သူ့စစ်ထဲဝင်ဖို့ လိုက်လံစည်းရုံးနေသူဖြစ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က သတိပေးထားဖူးသူဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီ ၂၂ ရက်ကလည်း အောင်လံမြို့နယ်၊ လှံတင်ကျေးရွာအုပ်ချုပ်ရေးမှူး အေးသိန်း နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ပစ်လို့ သေဆုံးခဲ့ရပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #အောင်လံမြို့ #တောင်တီးကျေးရွာ #ကျားမွေး #ပြည်သူ့စစ် #ပျူစောထီး
Share Share Share