ပြည်သူ့စစ်အဖွဲ့မိုင်းဆွဲခံရပြီး ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာအနောက်တောင်ဘက်မှာ ပြည်သူ့စစ်နဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး ပြည်သူ့စစ်ခေါင်းဆောင်နဲ့အဖွဲဝင်၂ ဦး သေဆုံးခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ယနေ့မနက်ပိုင်း ၇ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မြင်းချင်းကျေးရွာကနေ အင်အား ၂၀ နဲ့ ထွက်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ စစ်သားတွေကို ရွာရဲ့အနောက်တောင်ဘက် မီတာ ၅၀၀ အကွာမှာ မိုင်းဆွဲတဲ့အပြင် ၅ မိနစ်ခန့် လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီစစ်ကြောင်းဟာ ဒေသတွင်းက ပြည်သူတွေရဲ့ စိုက်ခင်းတွေကို ရိတ်သိမ်းဖို့ လာမယ်ဆိုတာကို ကြိုတင်သတင်းရတဲ့အတွက် စောင့်ဆိုင်းတိုက်ခိုက်တာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရတာကြောင့် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ မြေပြင်သတင်းပေးကတဆင့် သိရပြီး နောက်တယောက်ဖြစ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ပုဇွန်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ထော်လာဂျီနဲ့ ရွာထဲကို ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UG တပ်ဖွဲ့၊ တန ၂ တပ်ပေါင်းစု၊ရွှေဘိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ ရှင်းရှင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ ဖျံ people Defence နှင့် ဗိုလ်လင်းရောင်(ဒပယ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်ကလည်း ရွှေဘိုမြို့နယ်အတွင်းက သီးလုံးရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #မြင်းချင်းရွာ #စစ်ကောင်စီ #ပျူစောထီး #ပြည်သူ့စစ် #မိုင်းဆွဲတိုက်ခိုက်ခံရ #တော်လှန်ရေးအင်အားစု #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10