ပြည်သူ့ဘက်ရပ်တည်သူ ဒေါင်းအတွက်စာနဲ့ အခြားစာတွေကိုပါနားဆင်ရမယ့် "မြေလတ်တံတား ၁၄"

မြေလတ်အသံ၊ ဧပြီ၄၊ ၂၀၂၃။
အခုအချိန်ကာလမှာ လွတ်လပ်စွာဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေရတဲ့သူတွေများစွာ ရှိပါတယ်။ ဒီလိုဆက်သွယ်ရခက်ခဲနေသူတွေအနေနဲ့ စိတ်ချလက်ချ စကားလက်ဆောင်ပါးနိုင်ဖို့ "မြေလတ်တံတား" ကနေ ကူးလူး ဆက်သွယ်ပေးသွားမှာပါ။
အခုတပတ်မြေလတ်တံတားအစီအစဉ်မှာ ပြည်သူ့ဘက်ရပ်တည်သူ ဒေါင်း အတွက်စာ၊ ပိုင်ဖြိုးသုအတွက်စာ၊ Crush အတွက်စာရင်ဖွင့်ထားတဲ့ စာလေးတွေကိုပါနားဆင်ရမှာပါ။
စာလွှာတွေပေးပို့ရင်း တော်လှန်ရေးအတွက်အထောက်အပံ့ဖြစ်စေမယ့် တော်လှန်သင်္ကြန်ပရောဂျက်မှာ ပါဝင်ပေးဖို့ဖိတ်ခေါ်ပါရစေ။ အတာရေ၊ မုန့်လုံးရေပေါ် ၊ ပိတောက်နဲ့ သင်္ကြန်ထမင်းတွေဝယ်ယူရင်း ပါဝင်လို့ရပါတယ်။
ဒီအစီအစဉ်ကို "နွေဦးစာတိုက်" အဖွဲ့နဲ့ "မြေလတ်အသံ"က ပူးပေါင်းတင်ဆက်ပေးထားပါတယ် ။
စာလွှာတွေပေးပို့ချင်တယ်ဆိုရင်တော့ နွေဦးစာတိုက်မှာ ပေးပို့လို့ရပါတယ် ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10