သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်၊ ကမ်းနားလမ်းပန်းခြံနောက်က ဧရာဝတီမြစ်ထဲကို ရေးကူးဆင်းကြတဲ့ ကျောင်းသား ၂ ဦးရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မောင်အောင်ထူးမြတ်(၁၄) နှစ်နဲ့ မောင်အောင်မင်းနိုင်(၁၆) နှစ်တို့ဟာ မတ် ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ရေကူးဆင်းကြရာကနေ ရေနစ်ခဲ့ကြတာလို့ သိရပါတယ်။
"နှစ်ယောက်လုံးက မြို့သစ်ထဲကပါ။ စျေးလမ်းကန်ဘောင်ဘေးက အိမ်က အထက(၅) ကကျောင်းသားတွေ။ အလောင်းတွေတော့ အိမ်ပြန်သယ်လာပြီ" လို့ ခေတ္တရာမြို့သစ်မှာနေထိုင်တဲ့အမျိုးသမီးတဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသား ၂ ဦးကို မြို့ခံပရဟိတအသင်းတွေက ၂ နာရီနီးပါးကြာအောင် ရှာဖွေခဲ့ကြပြီး ညနေ ၆ နာရီခွဲမှာ တွေ့ရှိခဲ့လို့ ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ ပရဟိတအသင်းတွေက ထုတ်ပြန်ထားပါတယ်။
"သေတဲ့ကလေးနှစ်ယောက်ကအိမ်ချင်းကပ်ပဲ၊ ခြေရင်း၊ ခေါင်းရင်းနှစ်လောင်းလုံး ပြင်ထားတယ်။ စိတ်မကောင်းစရာပဲ" လို့ ခေတ္တရာမြို့သစ်မှာနေထိုင်တဲ့အမျိုးသမီးက ဆက်ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသား ၂ ဦးရဲ့ စျာပနကိုတော့ မနက်ဖန်မှာ မီးသင်္ဂြိုဟ်မယ်လို့ ပြောပါတယ်။
အဲဒီနေရာမှာပဲ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က လူငယ် ၃ ဦး ရေကူးကြတာမှာ ၂ ဦးရေနစ်သေဆုံးခဲ့ပါသေးတယ်။
ဓါတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပရဟိတပါရမီ-(ပြည်)
#မြေလတ်အသံ
#ပဲခူး #ပြည် #ဧရာဝတီမြစ် #ရေကူးဆင်း #ကျောင်းသား #သေဆုံး
Share Share Share