သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးကျေးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စေတီနဲ့ နေအိမ်အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စက်တင်ဘာ ၁၅ ရက် မနက် ၁ နာရီလောက်မှာ တံတားဦးလေတပ်ဘက်ကလာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
“လေယာဉ်က ပထမတကြိမ်ဝဲတယ်၊ နောက်တကြိမ်ကျမှ ဗုံးကြဲသွားတာ။ အဲ့ဒီနားဝန်းကျင်က ပြည်သူတွေရှောင်လိုက်နိုင်တယ်။ ဘုန်းကြီးကျောင်းဆောင်နဲ့ စေတီပျက်စီးတယ်။ ပြည်သူ့နေအိမ် ၃ လုံး အမိုးအကာတွေ လန်ထွက်သွားတယ်” လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပထမအကြိမ်လေယာဥ်ဝဲချိန်မှာ ဒေသခံအများစု တိမ်းရှောင်နိုင်လိုက်တဲ့အတွက် ဒီတိုက်ခိုက်မှုမှာ ပြည်သူတွေထိခိုက်မှုမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတာ့ ဒေသခံတွေဟာ ကျေးရွာကိုပြန်လည်ဝင်ရောက်နေကြပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းရွာက ၂ ထပ်တိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #တောင်သာ #လေကြောင်း #ဗုံးကြဲ
Share Share Share