ပွင့်ဖြူမြို့နယ်မှာ ဆိုင်ကယ်နဲ့လာတဲ့ ပျူစောထီး ၂ ဦးပစ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပွင့်ဖြူမြို့နယ်မှာ ဆိုင်ကယ်နဲ့လာတဲ့ ပျူစောထီး ၂ ဦးပစ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာမှာ ဆိုင်ကယ်နဲ့လာတဲ့ ပျူစောထီး ၂ ဦးပစ်ခံရပြီး ၁ ဦး သေ၊ ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူတွေဟာ ရစ်ပင်ရွာသား ပျူစောထီးအဖွဲ့ဝင် အသက် ၄၀ ဝန်းကျင်အရွယ် ကိုရာဇာနဲ့ ကိုအောင်ခိုင်စိုးတို့  ၂ ဦးဖြစ်ပြီး စက်တင်ဘာ ၈ ရက် ၆ နာရီကျော်ခန့်မှာ ရစ်ပင်ကျေးရွာကနေ လယ်မရွာကို ဆိုင်ကယ်နဲ့လာချိန် လယ်မကျေးရွာအနီးမှာ ပစ်ခံရတာလို့ ဆိုပါတယ်။

"သူတို့လာတာကို သတင်းအတိအကျရပြီး လက်နက်ကိုင်အဖွဲ့တွေက လမ်းကနေ စောင့်ပစ်တာလို့ သိရတယ်။ ကိုရာဇာကတော့ နေရာမှာပဲ သေတယ်။ နောက်တယောက်ကတော့ ဒဏ်ရာနဲ့ လွတ်လာတယ်" လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ကိုရာဇာဟာ ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်သလို ကြံ့ခိုင်ရေးပါတီဝင်ဟောင်တဦးဖြစ်ပြီး သေနတ်နဲ့အပစ်ခံရတဲ့အတွက် ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ သေနတ်ကျည်ထိဒဏ်ရာ ၄ ချက်ရပြီး သေဆုံးသွားခဲ့ပါတယ်။

ကိုအောင်ခိုင်စိုးကတော့ ပုခုံးကျည်ရှပ်မှန်ပြီး ဒဏ်ရာရသွားကာ မကွေးစစ်တပ်ဆေးရုံမှာ ဆေးကုမှုခံယူနေရပါတယ်။

သေဆုံးသွားတဲ့ ကိုရာဇာရဲ့ အလောင်းကိုတော့ စက်တင်ဘာ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မယ်ဇလီကျေးရွာ သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

၂၀၂၃ ဧပြီ ၁၃ ရက်က ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ လောင်းကစားဝိုင်းမှာ လက်ပနွယ်ရွာသား ပျူစောထီးခေါင်းဆောင်တဦး ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပွင့်ဖြူမြို့ #လယ်မကျေးရွာ #ဆိုင်ကယ် #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10