ပွင့်ဖြူမှာ ငွေအတုထုတ်တဲ့ အမျိုးသမီး ၂ ဦး အဖမ်းခံရ

ပွင့်ဖြူမှာ ငွေအတုထုတ်တဲ့ အမျိုးသမီး ၂ ဦး အဖမ်းခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေစက္ကူအတု ထုတ်လုပ်ဖြန့်ဝေ သုံးစွဲနေတဲ့ အမျိုးသမီး ၂ ဦးကို သြဂုတ် ၂၉ ရက် မနေ့ကမနက်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဖမ်းခံရသူ ၂ ဦးမှာ မရတနာဆိုသူနဲ့ နောက်ထပ် အမျိုးသမီးတဦးဖြစ်ပြီး ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာမှာ အိမ်ငှားနေထိုင်ပြီး ငွေအတုထုတ်လုပ်နေကြတာလို့ ဆိုပါတယ်။ 

"ထုတ်လုပ်တာက ၃ ယောက်။ မိန်းမ၂ ယောက်နဲ့ ယောက်ျား ၁ ယောက်။ စကစနဲ့ ရဲတွေ လာဖမ်းချိန်မှာ ယောကျ်ားက နေအိမ်မှာရှိမနေလို့ အဖမ်းမခံလိုက်ရဘူး။"လို့ ပွင့်ဖြူဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဖမ်းဆီးခံရချိန်မှာ ငွေစက္ကူတချို့၊ ထုတ်လုပ်တဲ့စက်နဲ့ ကွန်ပျူတာတွေကိုပါ သိမ်းဆည်းခံရပြီး သူတို့ဟာ ဘယ်ဒေသကလဲဆိုတာကိုတော့ မသိရသေးပါဘူး။ 

ပုံ - စစ်ကောင်စီ တယ်လီဂရမ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #ငွေစက္ကူအတုထုတ်လုပ်သူ #စစ်ကောင်စီ #ဖမ်းဆီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10