ပွင့်ဖြူမှာ ယာဥ်ထိန်းရဲတွေ မိုင်းဆွဲခံရ

ပွင့်ဖြူမှာ ယာဥ်ထိန်းရဲတွေ မိုင်းဆွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့မှာ ယာဥ်ထိန်းရဲတွေကို ဒီဇင်ဘာလ ၄ ရက်မနက် ၉ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် - ၇ တပ်ရင်း က ပြောပါတယ်။

အဲဒီယာဥ်ထိန်းရဲတွေဟာ မုန်းချောင်းကိုဖြတ်ထိုးထားတဲ့ ရှောက်တောတံတားအနီးကို ရောက်ရှိလာချိန်မှာ အသင့်ထောင်ထားတဲ့ ချိန်ကိုက်မိုင်း ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ထိခိုက်၊ သေဆုံးမှု ရှိ၊ မရှိကို စုံစမ်းနေဆဲပါ။ ပြည်သူတွေကြပ်တည်းနေချိန်မှာ ဘဲဥတွေ (ယာဥ်ထိန်းရဲ)က ဒီလိုမတရားလုပ်နေကြလို့ သတိပေးတိုက်ခိုက်ခဲ့တာ။"လို့ မင်းဘူးခရိုင်အမှတ် - ၇ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ပွင့်ဖြူမြို့တွင်းက ပွင့်ဖြူ-စလင်းကားလမ်းပိုင်းရှိ ပွင့်ဖြူ-ရှောက်တောတံတားပေါ်မှာ ယာဥ်ထိန်းရဲ ၈ ဦးလောက်က ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ငွေကြေးတောင်းတာနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ဆဲဆိုတာတွေကို ၂၀၂၂ ခုနှစ် ဇွန်လကတည်းက ပြုလုပ်နေတာလို့ ဆိုပါတယ်။ 

ယာဥ်ထိန်းရဲတွေ မိုင်းဆွဲခံရတဲ့ တံတားနဲ့ ပွင့်ဖြူမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ဂိတ်ဟာ ၁ ဖာလုံခန့် သာကွာဝေးတာကြောင့် မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ် ၇ စီးနဲ့ တံတားကို ရောက်ရှိလာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပွင့်ဖြူမြို့က ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်လက်အောက်ခံတွေ၊ အရပ်ဒေသပတ်ဝန်းကျင်က ဒလန်လို့ သတ်မှတ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေ၊ လောင်းကစားဝိုင်းတွေအနီးမှာ မနေထိုင်ကြဘဲ ရှောင်ကျဉ်ကြဖို့ မင်းဘူးခရိုင် အမှတ် - ၇ တပ်ရင်းက သတိပေးပြောဆိုထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #ယာဥ်ထိန်းရဲ #မိုင်းဆွဲခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10