ဖမ်းဆီးခံ ပျူစောထီး ၄ ဦးကို လူ့အခွင့်အရေးနဲ့အညီထား၊ ပျူစခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ တောင်သာ PDF ပြော

ဖမ်းဆီးခံ ပျူစောထီး ၄ ဦးကို လူ့အခွင့်အရေးနဲ့အညီထား၊ ပျူစခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ တောင်သာ PDF ပြော

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းရွာ ပျူစောထီးစခန်းသိမ်းစဉ်က ဖမ်းဆီးရမိတဲ့ ပျူစောထီး ၄ ဦးကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားပြီး တောင်သာမြို့နယ်ထဲက ပျူစောထီးစခန်းတွေကို ဆက်လက်တိုက်ခိုက် သွားမယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထံက သိရပါတယ်။ 

တောင်သာမြို့နယ်ထဲမှာ အင်အား ၄၀ ခန့်အထိုင်ချတပ်စွဲထားတဲ့ ကျွဲတလင်းရွာပျူစောထီးစခန်းကို ဇူလိုင် ၁၁ ရက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၄ ဦးကို အရှင်ဖမ်းမိကာ လက်နက် ၁၀ လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ 

“ဖမ်းဆီးထားတဲ့သူတွေကိုတော့ လူ့ခွင့်ရေးနဲ့ အညီ၊ စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်။ ကျန်တဲ့ ပျူစောထီး တွေကို ကျနော်တို့ဆက်လက်တိုက်ခိုက်တော့မှာဖြစ်တာကြောင့် တောင်သာမြို့နယ်အတွင်းရှိ ပျူစောထီးခေါ် ပြည်သူ့စစ်တွေ အနေနဲ့ လက်နက်ချပီးအလင်း၀င်ခဲ့ကြပါ” လို့ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ ပြည်သူ့တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့မေတ္တာကိုရရှိစေရန် တောင်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံ ဆက်သွယ်အလင်းဝင်ကြရန် သူက ဆက်ပြောပါတယ်။ 

တောင်သာမြို့နယ်၊ ကျွဲတလင်းရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲကို တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သာပလဖ၊ နေပြည်တော် ၈၀၁ တပ်ရင်း၊ ညောင်ဦးခရိုင်တပ်ရင်း ၁ ၊ မိတ္ထီလာပကဖတို့ ပါဝင်ပူးပေါင်း ထားတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ကျွဲတလင်းကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထောက်ပို့ လမ်းကြောင်း တွေကို အများဆုံးနှောက်ယှက်နေတဲ့ စခန်းတခုလည်းဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - တောင်သာမြို့နယ်၊ ကျွဲတလင်းရွာမှ ဖမ်းမိထားတဲ့ ပျူစောထီး ၄ ဦး။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #တောင်သာမြို့ #ကျွဲတလင်းရွာ #ပျူစောထီးစခန်း #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10