ဖမ်းဆီးစစ်ဆေးခံရကြောင်းသတင်းထွက်ပြီး လူမြင်ကွင်းကပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်နဲ့အတူ ပြန်တွေ့ရ

ဖမ်းဆီးစစ်ဆေးခံရကြောင်းသတင်းထွက်ပြီး လူမြင်ကွင်းကပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်နဲ့အတူ ပြန်တွေ့ရ

ဖမ်းဆီးစစ်ဆေးခံနေရကြောင်းသတင်းတွေထွက်ပေါ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစောဟာ တလကျော်ကြာလူမြင်ကွင်းက ပျောက်ဆုံးခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ပြန်လည်ထွက်ပေါ်လာပါတယ်။

မေ ၁၁ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ၎င်းရဲ့လက်အောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို သွားရောက်တွေ့ဆုံကြောင်း စစ်တပ်သတင်းရုပ်သံမှာ ဒုဗိုလ်ချုပ်ကြီး ညိုစော ကို စစ်ခေါင်းဆောင်နဲ့အတူ တွေ့မြင်ရတာပါ။

စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သလို စစ်ခေါင်းဆောင်ရဲ့အကြံပေးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော ဟာ လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်အမှုနဲ့ဆက်စပ်ပြီး ကြံ့ခိုင်ရေးပါတီကို ရောက်ရှိသွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) (ယခင် ကစထ ၄ မှူး) အောင်စိုးနဲ့အတူ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

အဲ့ဒီလို သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဟာ ဧပြီလအတွင်းကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးတွေမှာ တက်ရောက်နိုင်တာမရှိသလို စစ်ကောင်စီအဖွဲ့ဝင်တွေတက်ရောက်တဲ့ အခမ်းအနားတွေမှာလည်း မတွေ့ရဘဲ ဒုစစ်ခေါင်းဆောင် စိုးဝင်းကဲ့သို့ လူမြင်ကွင်းကနေ ရက်ရှည်ပျောက်ဆုံးနေခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဌရာထူးကနေ  ၂၀၂၃ ဇူလိုင်လမှာ စစ်ခေါင်းဆောင်က ၎င်းရဲ့အကြံပေးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ၂၀၂၃ စက်တင်ဘာလမှာ စစ်ကောင်စီအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း လာဘ်စားမှုနဲ့ တသက်ကျွန်းဒဏ်ကျခံခဲ့ရပြီးနောက် လစ်လပ်သွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်နေရာမှာ ဒုဗိုလ်ချုပ်ကြီး ညိုစော ကို အဖွဲ့ဝင်အဖြစ် ထပ်မံခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#မင်းအောင်လှိုင် #ညိုစော #ဒုတိယဗိုလ်ချုပ်ကြီး #တြိဂံဒေသတိုင်းစစ်ဌာနချုပ် #ကျိုင်းတုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10