သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းမှာ ဖမ်းဆီးထားတဲ့ စစ်တပ်နဲ့ပတ်သက်သူ ၈ ဦးကို ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်လွှတ်ပေးလိုက်တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြာရေးတာဝန်ခံဆီက သိရပါတယ်။
ဇန်နဝါရီ ၄ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ မိသားစုဝင် ၂ ဦး၊ ဆွေမျိုးတော်စပ်သူ ၁ ဦး၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ လုပ်ငန်းအတူတွဲပြီးလုပ်ကိုင်သူတွေရဲ့ မိသားစုဝင် ၅ ဦး စုစုပေါင်း ၈ ဦးကို စစ်ဆေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီးမှ ခံဝန်ကတိနဲ့ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
"လူသားချင်းစာနာထောက်ထားမှုအရပါ။ သူတို့မှာလည်း အခက်ခဲတွေရှိကောင်းရှိနေနိုင်ပါတယ်။ သူတို့ကို မိသားစု၊ ဆွေမျိုးမို့လို့ ကျနော်တို့က လုပ်လို့တော့မရဘူး။ ကျနော်တို့မိသားစုဝင်တွေထဲမှာကိုက စိတ်ဓာတ်ပိုင်းကော အခြားကဏ္ဍတွေမှာလည်း တယောက်နဲ့တယောက်က မတူတာဖြစ်တဲ့အတွက် သေချာလေးစိစစ်စုံစမ်းပြီးတော့မှ ယုံကြည်စိတ်ချရတဲ့အခြေနေရှိလို့ ပြန်လွှတ်ပေးတာပါ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ်လို့လည်း ပြန်လွှတ်ပေးတာ။"လို့ စလင်းမြို့နယ်ပကဖ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ပြန်လွှတ်ပေးလိုက်သူတွေဟာ ကလေး ၁ ဦးအပါ အမျိုးသား ၃ ဦးနဲ့ ကလေး ၁ ဦးအပါ အမျိုးသမီး ၅ ဦးတို့ဖြစ်ပြီး စလင်းမြို့နယ်အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်သူတွေပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။
လွှတ်ပေးပြီးနောက် သူတို့နေထိုင်ရာအရပ်ဒေသထိ ပြန်နိုင်အောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၈ ဦးကို ၂၀၂၄ ဒီဇင်ဘာလအတွင်း စလင်းမြို့နယ်အပိုင်ထဲကလမ်းပိုင်းတွေမှာ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးရေးလုပ်နေချိန် ခရီးသည်တင်ကားပေါ်ကနေ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးထားချိန်မှာလည်း ဖမ်းဆီးချုပ်နှောင်ထားတာမျိုးမရှိဘဲ အကျယ်ချုပ်သဘောမျိုးနဲ့ နေထိုင်စားသောက်မှုအတွက် စီစဉ်ပေးထားခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စလင်း #လွှတ်ပေး #စစ်ကောင်စီပတ်သက်သူ
Share Share Share