ဖလံအိုရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီး‌တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းနဲ့ပါဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

ဖလံအိုရွာမှာ တပ်စွဲထားတဲ့ တပ်မ ၁၀၁ က စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ ခန့်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မေ ၂၆ ရက် မနက်အစောပိုင်း ၄ နာရီက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ MYG ခေါင်းဆောင်ဗိုလ်ဘလိတ် က ပြောပါတယ်။

တိုက်ခိုက်ချိန် ၂ နာရီကြာပြီးနောက် စစ်ကောင်စီဘက်က စစ်ကူအင်အား ၇၀ ခန့်ရောက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ပြန်လည်ဆုတ်ခွာချိန်မှာတော့ တပ်ပေါင်းစုဖြစ်တဲ့ PLA အဖွဲ့က ရဲဘော်နိုင်ထွန်းဟာ ကာပစ်ရင်း ကျဆုံးခဲ့ပြီး အခြားရဲဘော် ၆ ဦးလည်း လက်ပစ်ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို JOKER ပြောက်ကျားတပ်ဖွဲ့ (MYG)၊ ကျောင်းသားတပ်မတော် (ABSDF) ၊ မြိုင် ပကဖ၊ ပေါက် ပကဖ (ဦးကြီး)၊ PLA၊ PPDF၊ ကမ္မတပ်ပေါင်းစု (KMDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ဖလံအို #စစ်သား #ပျူစောထီး #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10