သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ အင်းဝိုင်းရွာကိုဝင်ရောက်စီးနင်းကာ ရွာသားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီး ခဲယမ်းပစ္စည်းတွေသိမ်းနိုင်ခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။
မေ ၁၇ ရက် ညနေ ၅ နာရီဝန်းကျင်က အင်းဝိုင်းရွာတဝိုက်မှာရှိနေတဲ့ စစ်ကောင်စီအင်အား ၁၅၀ ခန့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများကာ ည ၉ နာရီဝန်းကျင်မှာ လေကြောင်းပစ်ကူနဲ့ တပ်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
“ သေတာတွေကတော့ အတိကျတော့ မသိနိုင်ဘူး။ ကျနော်တို့ သူတို့ရဲ့ ပိုးခြင်း ၅ ခြင်းရတယ်။ သူတို့ပစ္စည်းတွေရတာနဲ့ ခန့်မှန်းကြည့်ရင် မသေပါဘူးဆိုရင် ၁၀ ယောက် ကျော်ကတော့ အနည်းဆုံးပဲလို့ ခန့်မှန်းရတာပေါ့”လို့ ဖောင်းပြင်ဒေသကာကွယ်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကအသုံးပြုတဲ့ ဒလက် ၆ ခုပါ ဒရုန်း ၁စီး၊ RPG ဗုံးသီး ၄ လုံး၊ အီနာဂါ ဗုံးသီး ၂ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ နင်းမိုင်း ၆ လုံး၊ ကျည်ဆန်အများအပြား၊ ကျည်ဘောက် ၄ ခု၊ စကားပြောစက် ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မေ ၁၇ရက် မနက် ၅ နာရီဝန်းကျင်မှာ အင်းဝိုင်းရွာကိုရုတ်တရက်ဝင်စီးခဲ့ပြီးနောက် အသက် ၁၃ နှစ် အရွယ်ကလေး ၁ ဦး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး တို့ကို သတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် အင်းဝိုင်းရွာကနေ ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။
ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ပျူစောထီးစခန်းတွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်ခံနေရပြီး မေ ၁၁ ရက်ကလည်း ဆည်ချောင်း၊ ဟာပါ၊ ဆိတ်ဆား၊ ညောင်ကုန်း စတဲ့ကျေးရွာတွေက ပျူစောထီးစခန်း ၄ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ခဲ့ပါသေးတယ်။
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#စစ်ကိုင်း #ဖောင်းပြင် #အင်းဝိုင်းရွာ #စစ်တပ် #PDF #စစ်ပွဲ
Share Share Share